7

535 52 0
                                    

တောင်းပန်ပါတယ်

ကောင်းကောင်းမနက်အစောကြီးကျောင်းကိုထွက်လာခဲ့သည်။ အတန်းထဲမှာတော့ဘယ်သူမှမရောက်သေး။ ကျောင်းပထမဆုံးစတက်တဲ့နေ့မှာ
သူအရင်ဆုံးမြင်ချင်တာက သူရဲ့ရေခဲပန်းပုလေး။

ကျောင်းကိုအစောဆုံးလာတတ်တဲ့ လင်းအဏ္ဏဝါရဲ့အကျင့်လေးကို ကောင်းကောင်းပထမဆုံးသဘောကျမိသည်။

ကောင်းကောင်း ကျောင်းခန်းထဲမှာထိုင်ပြီး 
တွေးနေမိပြီ။ သူ့ရေခဲပန်းပုလေးက ဘယ်လိုပုံလေးဖြစ်နေမလဲ။ သူတို့နှစ်ယောက်လုံးက
ဆယ့်ခြောက်နှစ်ပြည့်ခါနီးပြီဆိုတော့
ဆယ့်လေးနှစ်အရွယ်ကလိုသေးသေးကွေးကွေး
လေးတွေမဟုတ်လောက်တော့။ ကောင်းကောင်းအရပ်တောင် 182cm ရှိနေပြီ။ လင်းပိစိလေးက
ရောဘယ်လောက်ထိအရပ်ကြီးမြင့်နေပြီလဲ။

ကောင်းကောင်းအတွေးတွေနဲ့လွင့်မျောနေပြီး သူ့ဘေးနားမှာ တစ်စုံတစ်ယောက်ကလာထိုင်တာကိုသတိမထားမိချေ။ လေအဝေ့မှာ ချောကလက်ရေမွှေးနံ့သင်းသင်းလေးကိုရတော့မှ

"ဖိုး..ဏီ"

လင်းအဏ္ဏဝါကသူ့ဘေးနားမှာထိုင်နေသည်။
သူ့ကိုမျက်နှာသေလေးနဲ့စိုက်ကြည့်နေသည်။
မျက်လုံးလှလှကြီးတွေရဲ့ အစွန်းလေးတွေက
ရဲနေသယောင်။ လင်းပိစိလည်းအရပ်နည်းနည်းရှည်လာတာပဲ။ ပြီးတော့ပိုပိန်သွားတယ်။ မျက်နှာလေးကပိုသွယ်လာပြီး အသားအရည်ကပိုဖြူဆုတ်လာသလိုပဲ။

သူလင်းအဏ္ဏဝါကိုလှမ်းဖက်လိုက်သည်။ လင်းအဏ္ဏဝါကတော့တောင့်တောင့်ကြီးဖြစ်လို့။

"ငါတောင်းပန်ပါတယ်။ ငါမင်းကိုထားမသွားတော့ပါဘူး။ ဒီနှစ်နှစ်လုံးတစ်ယောက်ထဲ အထီးကျန်နေတယ်မဟုတ်လား"

"ကောင်းဇာမဏီ ငါ့မှာ သူငယ်ချင်းဆိုလို့ မင်းတစ်ယောက်ထဲရှိတာမဟုတ်ဘူး"

"ဟုတ်လား"

လင်းအဏ္ဏဝါက ခံစားချက်မရှိတဲ့မျက်နှာနဲ့သူကိုပြောသည်။ သူနည်းနည်းတော့နာကျင်သွားပေ
မယ့် လင်းပိစိကသူကိုစကားနာထိုးနေမှန်းသူသိပါသည်။ နွေဦးချိုချိုအားကိုးနဲ့ သူ့ကိုတော်လှန်ချင်နေတာပေါ့လေ။ ငိုသံလေးနဲ့ဖုန်းဆက်ပြန်ခေါ်တာဘယ်သူလဲ။ စိတ်ထဲကတော့ အဲ့လိုပြောနေပေမယ့်

လက်ထပ်ကြစို့သူငယ်ချင်းWhere stories live. Discover now