ဒို့နှစ်ယောက်အတူတူရွက်လွှင့်
လင်းအဏ္ဏဝါကတော့ ကောင်းဇာမဏီထား
ခဲ့တဲ့နေရာမှာတင်ထိုင်ပြီး စင်ပေါ်ကိုကြည့်နေခဲ့သည်။ ပတ်ဝန်းကျင်ကလူတွေက သူ့ကို
စူးစမ်းနေကြ၏။စကားတော့လာမပြောရဲ။ သူကလည်းသူပဲကိုး။ မွေးနေ့ရှင်ရဲ့နေရာမှာထိုင်နေတာလေ။ ပြီးတော့ နေရာချထားပေးသွားတဲ့သူကလည်း မွေးနေ့ရှင်ကိုယ်တိုင်ဖြစ်နေတော့။ လူတွေစိတ်ဝင်စားကြတာ မဆန်း။
"ဟဲ့အဲ့တာ နင်တို့ နည်းပညာတက္ကသိုလ်က
King မဟုတ်လား"တီးတိုးသံတစ်ချို့ကြားလိုက်ရသည်။
"သူက King အစစ်တော့မဟုတ်ဘူး။
ပွဲအခမ်းအနားတွေတက်ရတာ မကြိုက်လို့
ဆိုပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲကိုမလာဘူးလေ။ ဒါပေမယ့်သူက ငါတို့နှလုံးသားထဲက
King ပါ""ဒါဆိုသူလည်းငါတို့ကောင်းကောင်းလိုပဲနေမှာ"
"သူကချောလိုက်တာဟယ်"
"အံ့သြစရာပဲ။ သူဌေးသားလေးကောင်းဇာမဏီကအစကတည်းကပြီးပြည့်စုံနေပြီသားကို
သူ့လို သူငယ်ချင်းမျိုးပါရှိတယ်ဆိုတော့ ဘယ်လောက်တောင်ပြီးပြည့်စုံနေပြီလဲ။
နှစ်ယောက်သား အတူတူတွဲပြီးလမ်း
လျှောက်သွားတာကိုမြင်ချင်လိုက်တာ"လင်းအဏ္ဏဝါက အတိုင်းသားကြားနေရတဲ့
စကားသံတွေကို မသိချင်ယောင်ဆောင်ထားနိုင်သေးသည်။"ငါသူ့ကို သွားနှုတ်ဆက်ချင်လိုက်တာဟယ်။
ဒါပေမယ့် ငါသူ့နားမကပ်ရဲဘူး""အစကတည်းကရုပ်ချောတဲ့ သူတွေက
ချည်းကပ်ရခက်ပါတယ်ဆို။ မျက်နှာကြီးကတည်ထားတော့ ဘယ်သူကစကားပြောရဲတော့မှာလဲ"လင်းအဏ္ဏဝါ အစကတော့ လှစ်လှူရှုထားသေးသည်။ ဒါပေမယ့် ကောင်မလေးရဲ့နောက်ဆုံး
စကားကိုကြားတော့ သူတို့စကားဝိုင်းဘက်ကို
လှည့်ကြည့်လိုက်မိတော့သည်။လင်းအဏ္ဏဝါက ကောင်မလေးတွေအုပ်စုကို
သူကအချေကောင်လေးမဟုတ်ကြောင်း။
နည်းနည်းတော့ဖော်ရွေကြောင်းအမူအရာလေးဖြစ်ဖြစ်ပြချင်၍ပင်။ ဒါပေမယ့် ဘယ်သူက
ထင်မှာလဲ။ သူနဲ့အကြည့်ချင်းဆုံသွားတာနဲ့
ကောင်မလေးတွေအုပ်စုက အော်ပြီးထွက်ပြေး
သွားကြလေရဲ့။ သူကပြုံးပြမလို့လုပ်တာတောင်
မပြုံးပြလိုက်ရ။
YOU ARE READING
လက်ထပ်ကြစို့သူငယ်ချင်း
Short Story"မင်းငါ့ကိုလက်ထပ်မယ်လို့ကတိပေးခဲ့တယ်လေ" "ဟုတ်တယ်လေ။ ငါမမေ့ပါဘူး" ".........."