14

505 52 13
                                    

ဒလီဗာရီ

ရုပ်ရှင်ကားရွေးကြရာဝယ် စတိုရီက လတ်တလောထွက်ရှိထားတဲ့ ကြောက်စရာ
သရဲကားတစ်ကားကိုရွေးချယ်လိုက်သည်။

လင်းအဏ္ဏဝါကတော့ ဘာမှကန့်ကွက်စရာမရှိ။

သူကထိုင်လို့ရရင်ပဲပြီးနေပြီ။ အခုလိုစုံတွဲ
ကြားမှာ တတိယဘီး ဖြစ်ရတဲ့ခံစားချက်က
ဘယ်လောက်ထိတောင်ဆိုးဝါးမှန်း ကြုံဖူးမှပဲ
နားလည်ကြလိမ့်မည်။ ပြီးတော့ သူကသရဲကားကြိုက်တဲ့သူလည်းမဟုတ်ဘူးလေ။

ဒါတောင်ကောင်းဇာမဏီက အထွန့်တက်ချင်သေးတာ။ သူတို့နှစ်ယောက်လုံးက
ရုပ်ရှင်ရုံလာတိုင်း သိပ္ပံကားတွေလောက်ပဲကြည့်
ဖြစ်ကြတာလေ။

သရဲကားကသူတို့ စတိုင်မဟုတ်ဘူး။

စတိုရီရွေးချယ်လိုက်တဲ့ သရဲကားရဲ့
ထွေလာပြထားတဲ့ LED ဘုတ်ပြားဘေးနားတွင်
လကမ္ဘာသို့အလည်တစ်ခေါက်ဆိုတဲ့
သိပ္ပံကားရဲ့ ထွေလာကိုပြထားသည်။
ကောင်းဇာမဏီနဲ့ လင်းအဏ္ဏဝါနှစ်ယောက်သား ထိုထွေလာပြနေတဲ့ LEDဘုတ်ရဲ့မျက်နှာပြင်ကနေ မျက်လုံးမခွာတော့ချေ။

ဒါပေမယ်လည်း ကောင်းကောင်းက စတို့ရီ့ကို
သူ့ကောင်မလေးမှန်းတော့ သတိရသေးပါရဲ့။ အခုမှပူပူနွေးနွေး ရည်းစားဖြစ်ကြတာဆိုတော့ချစ်သူလေးရဲ့အလိုကိုလိုက်ပေးရမည်လေ။

သိပ္ပံကားကတော့ နောက်တစ်ခေါက်မှ လင်းပိစိကိုခေါ်လာပြီးကြည့်လို့ရတာပဲ။ အလျှင်မလိုပါဘူး။

တစ်ဖက်ကစတိုရီကတော့ တစ်မျိုးတွေးနေသည်။ သရဲကားကိုသူရွေးလိုက်တာ မှန်တယ်လို့ခံစားရသည်။ ပထမဆုံး ကြောက်စရာအခန်းတွေဆို ကောင်းကောင်း ရင်ခွင်ထဲမျက်နှာအပ်ပြီး အော်ဟစ်ချွဲနွဲ့လို့ရသည်။ ဒါဆို ကောင်းကောင်းက ကြောက်နေတဲ့သူ့ကို ပွေ့ဖက် နှစ်သိမ့်ပေးမှာပေါ့။

ပြီးတော့ နောက်တစ်နည်းက နှစ်ယောက်သား ပေါက်ပေါက်တွေအတူတူစားကြရင်း ပေါက်ပေါက်ဘူးထဲမှာ လက်ချင်းထိမိကြမည်။
အဲ့ဒါဆိုရင် ကောင်းကောင်းက သူ့လက်လေးကိုကိုင်ထားပြီးလွှတ်မပေးတော့ဘူး။

လက်ထပ်ကြစို့သူငယ်ချင်းWhere stories live. Discover now