သူငယ်ချင်း
လင်းအဏ္ဏဝါတစ်ယောက် အလုပ်တွေကို
လက်စသတ်ပြီးချိန်မှာတော့ မှာထားတဲ့
လက်ကျန်ကော်ဖီ တစ်ဝက်က အေးစက်
လုနီးပါးဖြစ်နေပြီ။Laptop ရဲ့မျက်နှာပြင်မှာပေါ်နေတဲ့
ဒီဇိုင်းပုံကြမ်းကို စိတ်ကျေနပ်ခြင်းများစွာနဲ့
ကြည့်နေမိသည်။ နေ့ရက်တိုင်းမှာ စိတ်ကူးယဥ်
ပြီး တစ်ခုချင်းစီကိုအသေးစိတ် ဆွဲထားတာမို့
ပုံကြမ်းကတော့ ပြီးပြည့်စုံသလောက်ရှိနေ
လေပြီ။ ဒါလေးက အတိတ်ကစိတ်ကူးယဥ်
ခဲ့ရတဲ့အနာဂတ်အတွက်အိမ်မက်လေး
ဖြစ်သည်။ ရုပ်လုံးပေါ်လာပြီဖြစ်တဲ့
ဒီဇိုင်းပုံလေးက လက်တွေ့အကောင်အထည်
ပေါ်ဖို့ရန်သာလိုတော့၏။ကော်ဖီဖိုးရှင်းလိုက်ပြီး ဖုန်းကိုဖွင့်လိုက်တော့
Miss call ရှစ်ခုတောင်တွေ့လိုက်ရသည်။
ရှစ်ခုလုံးကလည်း ကောင်းဇာမဏီဆီက။
နောက်ဆုံး Call ကလွန်ခဲ့တဲ့ဆယ်မိနစ်လောက်
ကမှ ခေါ်ထားတာ။လင်းအဏ္ဏဝါက ဖုန်းပိတ်ထားမိတဲ့
ကိုယ့်ကိုကိုယ်အပြစ်တင်လိုက်ရင်း
ကောင်းဇာမဏီကို ဖုန်းပြန်ခေါ်လိုက်သည်။ဖုန်းဝင်သွားတယ်ဆို ကောင်းဇာမဏီက
ချက်ချင်းကိုင်၏။"လင်းပိစိ..ဘယ်သွားနေတာလဲ။ ဖုန်းကရော
ဘာလို့မကိုင်တာလဲ။ ငါစိုးရိမ်လို့သေတော့မယ်။
ပြီးတော့ ဘီဒိုသော့ကရောဘာလို့ထားနေကျ
နေရာမှာမရှိတာလဲ"ဖုန်းဝင်သွားတာနဲ့ ကြားလိုက်ရတဲ့
Non-stop မေးခွန်းများ။"မင်း..ငါ့အိမ်ရောက်နေတာလား"
"အင်း..ငါအလုပ်ကနေနေ့တစ်ဝက်ခွင့်ယူပြီး
ထရိန်နင်သွားဆင်းမလို့။ အိမ်ပြန်ပြီး
အဝတ်အစားသွားလဲရမှာပျင်းလို့။
မင်းဆီမှာငါ..ဟိုတစ်လောက ထားခဲ့တဲ့အားကစားဝတ်စုံဝင်လဲတာ။ ပြီးတော့
နေ့လည်စာလည်းအတူတူစားမလို့ကို။
မင်းကအိမ်မှာမရှိဘူး။ ဒါနဲ့ ဘီဒိုသော့
ကဘယ်မှာလဲ"တစ်ဖက်က မကျေမနပ်နဲ့ တစ်သီကြီး
ထွက်လာတဲ့စကားသံကိုကြားတော့
ကြားတော့ လင်းအဏ္ဏဝါပြုံးလိုက်မိသည်။
နှုတ်ခမ်းစူနေမယ့်ဖိုးဏီကိုမြင်ယောင်မိတော့
ပြုံးရာကနေ သွားတွေပေါ်အောင်ကြိတ်
ရယ်လိုက်သည်။
YOU ARE READING
လက်ထပ်ကြစို့သူငယ်ချင်း
Short Story"မင်းငါ့ကိုလက်ထပ်မယ်လို့ကတိပေးခဲ့တယ်လေ" "ဟုတ်တယ်လေ။ ငါမမေ့ပါဘူး" ".........."