မင်းမရှိရင်
ရန်ပွဲရဲ့အကျိုးဆက်လို့ပဲပြောရမလား။ကောင်းကောင်းမိဘတွေရဲ့ တရှိန်ထိုး
တက်လာတဲ့ စီးပွားရေး ကြောင့်လို့ပဲပြောရမလား။ သူကျောင်းပြောင်းခံလိုက်ရသည်။တကယ်တော့ အိမ်မှာသူ့ကိုစောင့်ရှောက်မယ့်သူမရှိတော့လို့။ ဖေဖေ့ရဲ့ စားသောက်ကုန်လုပ်ငန်းက အမှတ်တံဆိတ်အသစ်တွေအများကြီးထပ်ထုတ်လိုက်သည်။ အဓိက ထုတ်လုပ်ရေးကတော့ကြာရှည်ခံ နို့နဲ့ ဒိန်ချဥ်တွေ။ နို့ထွက်ပစ္စည်းတွေ။ စည်သွပ်ဘူးတွေနဲ့ အခြားတာရှည်ခံအစားအသောက်တွေဖြစ်သည်။ အခုဆိုရင် ကောင်းစားသောက်ကုန်လုပ်ငန်းက ပြည်ပကိုပါထိုးဖောက်ဖို့ ပြင်ဆင်နေတာကြောင့် ဖေဖေတစ်ယောက်ထဲ မဖြစ်တော့။ မေမေရော ဖွားကပါကဏ္ဍအသီးသီးမှာ လုပ်ငန်းတွေကိုစီမံခန့်ခွဲနေရသည်။
နို့ချက်စက်ရုံကလည်း ဒီနှစ်ပိုင်းစပြီးလည်ပတ်နေပြီဆိုတော့ မေမေကအဲ့မှာအမြဲ အချိန်ကုန်နေတတ်သည်။ သုံးယောက်လုံးက ပျားပိတုန်းလေးတွေလိုအလုပ်ရှုပ်နေတော့ ကောင်းကောင်းကိုဂရုစိုက်ဖို့အချိန်မရှိတော့။
အဲ့တော့သူ့ကို မိဘတွေက အဆောင်နေကျောင်းကို ပြောင်းပစ်လိုက်သည်။
အဲ့ကျောင်းကလည်း သူတို့ပိုင်တဲ့နွားခြံတွေနဲ့
နီးတဲ့ တောင်ပေါ်ဒေသကကျောင်းတစ်ကျောင်း။ အဲ့တာမှလည်း သူ့မေမေကသူ့ဆီကိုအမြဲလာနိုင်မှာလေ။ကျောင်းကတော့ နာမည်ကြီးကျောင်းပါပဲ။
ဒါပေမယ့်သူမပျော်ဘူး။အခုမှ လင်းပိစိကို ကိုယ်ချင်းစာလာသလိုပင်။
မိဘတွေက အလုပ်တွေများပြီး သားသမီးကိုဂရုမစိုက်နိုင်တဲ့အခြေအနေမှာ သားသမီးတွေက
ဒီလိုခံစားရတာပဲ။ အထီးကျန်သလိုလို။ အကျေနပ်သလိုလို။ အားငယ်သလိုလို။
လင်းပိစိက အစောကြီးကတည်းက သူ့လိုခံစားနေရမှာ။ဒါပေမယ့် ကျောင်းသစ်ကိုပြောင်းရတာထက် ပိုမပျော်ရတဲ့အေကြာင်းအရင်း သူ့မှာရှိသည်။
ကောင်းကောင်းတစ်ယောက် လင်းအဏ္ဏဝါနဲ့ခွဲရတာ။
သူ့တစ်သက်နဲ့တစ်ကို မူကြိုကတည်းကစပြီး လင်းအဏ္ဏဝါနဲ့တစ်ခါမှမခွဲဖူးဘူး။ ဒါ ပထမဆုံးအကြိမ်ခွဲရတာ။
YOU ARE READING
လက်ထပ်ကြစို့သူငယ်ချင်း
Short Story"မင်းငါ့ကိုလက်ထပ်မယ်လို့ကတိပေးခဲ့တယ်လေ" "ဟုတ်တယ်လေ။ ငါမမေ့ပါဘူး" ".........."