1

1.3K 108 0
                                    

ငါတို့နှစ်ယောက်ရဲ့ပုံပြင်

"လင်းပိချိ"

"လင်းပိချိရေ"

ကောင်းကောင်းက သူ့အသံသေးသေးလေးနဲ့
သူ့ငယ်ချင်းလေးကိုခေါ်လိုက်သည်။

သူခေါ်လိုက်တဲ့ လင်းပိစိကတော့မူကြိုကျောင်းရဲ့ ကစားခန်းကထောင့်မှာတစ်ယောက်ထဲ။ ကုတ်ကုတ် ကုတ်ကုတ်နဲ့ဘာတွေထိုင်လုပ်နေမှန်းမသိ။ သူ့ခေါ်သံကြားတာတောင်လှည့်ကြည့်ဖော်မရဘူး။

ကောင်းကောင်းမကျေမနပ်ဖြစ်သွားတာပေါ့။

"ယင်းပိချိ...နင့်ကိုကောင်းကောင်းခေါ်နေတယ်"

ဘေးနားကမနေနိုင်တဲ့ကောင်းကောင်းရဲ့အတန်းဖော်မလေးက သူ့ကိုကူညီပြီး လင်းအဏ္ဏဝါကိုခေါ်ပေးသည်။ ကောင်းကောင်းရဲ့ဒေါသတွေက ကောင်မလေးပေါ်ပုံကျလာ၏။

"နင်...လင်းပိချိကို ငါခေါ်သလိုလိုက်ခေါ်စရာမလိုဝူး"

ကောင်းကောင်း သူ့ရဲ့အတန်းဖော်မလေးကိုကုန်းအော်လိုက်သည်။ လင်းပိစိကသူ့လင်းပိစိ။ သူများတွေကသူခေါ်သလိုလိုက်ခေါ်တာကိုမကြိုက်ပါဘူး။

ကောင်းကောင်းအော်သံက တစ်တန်းလုံးကိုလွှမ်းခြုံသွားတဲ့အနေအထား။ ကောင်မလေးက
တော့ ကြောက်လန့်ပြီးအာပြဲကြီးနဲ့ထငိုချေပြီ။

မူကြိုကျောင်းရဲ့ထုံးစံအတိုင်း အငိုတွေကူးစက်တာက လေထက်မြန်လွန်းသည်။ တစ်ယောက်ငိုပြီဆိုတစ်ယောက်ပြီးတစ်ယောက်လိုက်ငိုတော့တာ။ မဆုံးတော့ဘူး။

"ဟွန်း ဖားခုံညင်းတွေလိုပဲ"

"ကောင်းဇာမဏီ"

ကောင်းကောင်းရဲ့အသံကို ဆရာမကကြားဖြစ်အောင်ကိုကြားလိုက်သေးတယ်။

တကယ်လည်းကလေးတွေက မိုးတွင်းမှာအော်တဲ့ဖားခုံညင်းလေးတွေလိုပဲ။ တစ်ယောက်
တစ်ပေါက်ထအော်နေတာလေ။ ကောင်းကောင်းပြောတာမှားလို့လား။

ဒါပေမယ့်အခုတော့ ဆရာမခေါင်းကိုက်ရပြီ။

ကောင်းဇာမဏီက အဓိကတရားခံ။

မူကြိုကိုစရောက်ကတည်းက ကောင်းဇာမဏီဆိုတာနာမည်တစ်လုံးနဲ့။

လက်ထပ်ကြစို့သူငယ်ချင်းWhere stories live. Discover now