13

460 44 0
                                    

First Date

တနဂ်နွေနေ့မနက်အစောကြီး...

လင်းအဏ္ဏဝါတစ်ယောက် Laptop ရှေ့တွင်မှောက်ပြီး အိပ်ပျော်နေသည်။

ကျောင်းတက်တော့ အလုပ်သစ်ရှာရသည်။
ကိုကြီးတို့အိမ်မှာ မနေဘဲ ကိုယ့်အိမ်ကိုပြန်နေတာဆိုတော့ စားစရိတ်ကအပိုဆောင်းရှာရတော့သည်။

ကုမ္ပဏီတစ်ခုက ဘာသာပြန်လုပ်ဖို့သူ့ကိုကမ်းလှမ်းတော့ ရေငတ်တုန်းရေတွင်းထဲကျ၏။

တကယ်ကိုပဲ။

အလုပ်တိုင်းကတော့ လွယ်ကူမနေ။

ဆောက်လုပ်ရေးက နေပူထဲမှာ စာရေးလုပ်ရတာမို့။ လူတန်းစားပေါင်းစုံနဲ့ဆက်ဆံရ၍
ခေါင်းကိုက်ရသည်။ ဘာသာပြန်အလုပ်ကလည်း
ဘာထူးလဲ။ ခေါင်းကိုက်အောင်စဥ်းစားရသည်။ နည်းနည်းလောက်လွဲချော်မိလိုက်တာနဲ့
လျော်ရမယ့် ပိုက်ဆံက သူ့ခေါင်းမွှေးထက်တောင်များသေးတယ်။

တစ်ညလုံးဘာသာပြန်ရင်း မိုးလင်းမှအိပ်ပျော်သွားတာကို ဖုန်းသံကြောင့် နိုးလာရသည်။

"ဟယ်လို"

သူအိပ်ချင်မူးတူးအသံနဲ့ဖြေလိုက်သည်။

မနက်စောစောရာသီဥတုကအေးတာကြောင့်
ချမ်းစိမ့်စိမ့်ဖြစ်လာတော့ ကျောပေါ်မှာလွှားထားတဲ့ ခြုံစောင်ကိုဆွဲတင်လိုက်မိသည်။

"သားငယ်"

ဖုန်းထဲကအသံက။

သူအိပ်ချင်တောင်ပြေသွားသည်။ မျက်လုံးတွေကိုပွတ်ပြီးငေါက်ခနဲ ထထိုင်လိုက်မိပြီလေ။

ဖုန်းတောင်လွတ်ကျတော့မလို့။

"မာ..မာမီ"

"အင်းသားငယ်..မာမီပါ"

တစ်နှစ်လောက်အဆက်အသွယ်မလုပ်တဲ့
မာမီ့​ဆီက မာမီ့ရဲ့အသံလေး။ မာမီ့ရဲ့အသံလေးကိုကြားလိုက်ရတော့ လင်းအဏ္ဏဝါမျက်လုံးတွေတောင်ပူလာသလိုပင်။ မာမီ့ကိုသူဘာပြောရမယ် မှန်းမသိ။ စကားလုံးတွေပျောက်ဆုံးလို့နေသည်။

"သားငယ် အဆင်ပြေရဲ့လား"

"ဟုတ်ပြေပါတယ်မာမီ"

လက်ထပ်ကြစို့သူငယ်ချင်းWhere stories live. Discover now