ဘဝနှစ်ခု
ဘဝဆိုတာ ရေလှိုင်းတွေလိုပါပဲ။
နိမ့်တချီ မြင့်တလှည့်နဲ့။ သံသရာလည်နေအုံးမှာ။
ကိုယ့်လက်ညှိုးထိုးလိုက်တိုင်း ရေဖြစ်လာတာမျိုးမဟုတ်ဘဲ ကံဇာတ်ဆရာရဲ့လက်ညှိုးထိုးရာစိတ်တိုင်းကျ ကပြနေရတဲ့ သဘင်သည်မျှသာ။
လင်းအဏ္ဏဝါတစ်ယောက် ကောင်းစားသောက်ကုန်လုပ်ငန်းရဲ့မျက်နှာစာကနေ မှန်တခါးကိုတွန်း
ဖွင့်ပြီးထွက်လာခဲ့သည်။အပြင်မှာတော့ သူ့ကိုစောင့်ကြိုနေသည်က ကျဲကျဲတောက်ပူနေသော နေမင်းကြီး။
ကောင်းဇာမဏီက နေ့လည်စာမစားရသေးဘူးဆိုလို့သာ စိတ်ပူပြီးလာခဲ့ရတာ။ သူထီးယူလာဖို့မေ့နေခဲ့တယ်။ အခုတော့ ဘတ်စကားမှတ်တိုင်အထိ သူနေပူထဲမှာ လမ်းလျှောက်ရတော့မည်။
ပူကျဲနေတဲ့နေကြောင့် သူ့အသားအရေတွေက
နီစပ်စပ်။ တီရှပ်အဖြူဆွတ်ဆွတ်က ချွေးတွေနဲ့ကပ်နေ၏။ ဘတ်စ်ကားမှတ်တိုင်ရောက်တော့ လင်းအဏ္ဏဝါတစ်ယောက် ကောင်းစားသောက်ကုန်လုပ်ငန်းရဲ့ အဆောက်အဦးကြီးကို
လှည့်ကြည့်မိသည်။ အဝေးကနေတောင်မြင်ရတဲ့
တစ်ဆယ့်ငါးထပ်မြင့်တဲ့ အဆောင်အဦးကြီး။
မြင့်လွန်းလို့ အဆောက်အဦးရဲ့ အရိပ်က ပတ်ဝန်းကျင်ရှိ အိမ်ယာများ စျေးဆိုင်တွေနဲ့ ပန်းခြံအထိပါ လွှမ်းမိုးထားသည်။အဆောက်အဦးကြီးရဲ့ အမြင့်က သူနဲ့
ကောင်းဇာမဏီတို့ကြားထဲက ကွာခြားချက်ကြီးတစ်ခုလို။ဆယ်နှစ်ကျော်ကာလအတွင်းမှာ။
သူတို့တွေက တစ်ဖန်ကွာခြားခဲ့ပြန်ပြီ။
သူလည်ပင်းကို ကျိုးကျေသွားမတတ်
မော့ကြည့်နေမိတော့သည်။သူငယ်ငယ်က။ ဘာအပူအပင်မှမရှိဘဲ နေရတဲ့အချိန်။ သူ့မိဘတွေက ချမ်းသာခဲ့ကြသည်။
အခုလို ဘဝကိုရုန်းကန်ရတော့မယ့်အချိန်ကျတော့ရော။ သူ့မိဘတွေက စင်ကာပူရဲ့ ဘယ်အရပ်ဌာနေမှာ နေကြမှန်းမသိ။သူတစ်ကောင်ကြွက်မဟုတ်ကြောင်း သက်သေ
ပြစရာဆိုလို့ ဆရာဝန်ဖြစ်နေတဲ့ သူ့ကိုကြီးသာလျှင်ရှိတော့သည်။
YOU ARE READING
လက်ထပ်ကြစို့သူငယ်ချင်း
Short Story"မင်းငါ့ကိုလက်ထပ်မယ်လို့ကတိပေးခဲ့တယ်လေ" "ဟုတ်တယ်လေ။ ငါမမေ့ပါဘူး" ".........."