20

508 48 6
                                    

Our Trip

ဘာလိုလိုနဲ့ဇူလိုင်လတောင် ကုန်ခါနီးလေပြီ။
မိုးဆိုသည်မှာလည်းတစ်လလုံးမစဲတော့မယ့်အတိုင်းရွာနေပြီးမှ။ ဒီနေ့တော့ နေမင်းကြီးက တိမ်တွေကြားက​ပြူထွက်လာပြီး အကြောဆန့်သည်။

ရာသီဥတုက သာသာယာယာ။

ကောင်းဇာမဏီက သူစီးလာတဲ့ကားလေးကို
နည်းပညာတက္ကသိုလ်ကျောင်းဝင်းထဲ ချိုးကွေ့
ဝင်လိုက်သည်။ တကယ်တော့ သူက
လင်းအဏ္ဏဝါရဲ့ကျောင်းကို အမြဲလာလည်
ချင်သူ။ လင်းအဏ္ဏဝါက သူ့ကိုမဖိတ်ခေါ်၍သာ။

သူ့ကိုတွေ့သွားရင် ဖြစ်သွားမယ့်
လင်းအဏ္ဏဝါရဲ့မျက်နှာလေးကို မြင်ယောင်ပြီး
ကောင်းကောင်းတစ်ယောက် သွားထဲကလေထွက်ရုံ 'ချိ' ကနဲရယ်မိသွားသည်။
အဲ့ဒီ့လင်းပိစိက သူနဲ့အဝေးဆုံးကျောင်းကိုမှ တမင်ရွေးထားလေသလား။ သူခမျာမနက်အစောကြီး အတန်းလစ်ပြီး ကားမောင်းလာ
တာတောင် မွန်းတည့်ချိန်ရောက်လုမှ
ကျောင်းမုဒ်ဝကိုရောက်သည်လေ။

ကားကိုကန်တင်းတစ်ခုရဲ့အနီးမှာ
ပါကင်ထိုးလိုက်ပြီး ကျောင်းအဆောက်
အဦးကြီးထဲသိုလျှောက်ဝင်သွားလိုက်သည်။ ကားမောင်းတတ်သွားတာလည်းတစ်ခုတော့ကောင်းသား။ အခုလို ဟိိုဟိုဒီဒီကိုအားမနာဘဲသွားလို့ရသည်။

မွေးနေ့ပွဲပြီးတော့ ဖေဖေဦးကောင်းမြတ်က
ကောင်းကောင်းကို Lexus အနက်ရောင်
တစ်စီးလက်ဆောင်ပေးသည်။ ပြီးတော့
သီးသန့်ဆရာကိုခေါ်ပြီး ကားမောင်းသင်စေသည်။ လင်းအဏ္ဏဝါလည်းအပါအဝင်ပေါ့။

သို့သော်ငြား လိုင်စင်ဖြေမယ့်နေ့မှာ
လင်းအဏ္ဏဝါက ကျောင်းကိစ္စအရေးကြီးလို့
ဆိုပြီး ရောက်မလာခဲ့ဘူးလေ။ သူ့မှာတော့
တမျော်မျော်နဲ့။ ပါကင်တောင်ဖြစ်သလို
ထိုးပြခဲ့ရသည်။

"အဲ့..အဲ့တာ..ကောင်းဇာမဏီမဟုတ်လား"

"ဟယ်..ကောင်းဇာမဏီကငါတို့ကျောင်းကိုလာတယ်တော့"

"မွေးနေ့ပွဲတုန်းက သူသီချင်းဆိုနေတဲ့
ဗွီဒီယိုကိုကြည့်ပြီး ငါဘဝမှာဒီလောက်ချောတဲ့ကောင်လေးမျိုးမြင်ဖူးခဲ့ပြီလို့မှတ်တာ။
အပြင်မှာပိုချောတာပဲ"

လက်ထပ်ကြစို့သူငယ်ချင်းWhere stories live. Discover now