ဒေါသထွက်တယ်တကယ်
ဘင်ခရာစီတန်းလှည့်လည်ပွဲကအောင်မြင်စွာနဲ့
ပြီးသွားသည်။ တစ်နှစ်မှတစ်ခါကြုံရတဲ့ပွဲမို့
လူတိုင်းကတော့ အပျော်တွေအရှိန်မသေကြသေး။ ကောင်းကောင်းလည်းပျော်။ အားလုံးလည်းပျော်ကြ၏။"ကောင်းကောင်း ငါပြန်နှင့်ပြီသိလား"
"အာ ဒါဆိုငါလိုက်မပို့တော့ဘူးနော်။
သူငယ်ချင်းနဲ့သွားတွေရအုံးမှာမို့လို့""ရတယ်ရတယ်။ နောင်တစ်ခါတွေရင်သာ နင့်သူငယ်ချင်းနဲ့ငါ့ကိုမိတ်ဆက်ပေးဖို့မမေ့နဲ့"
"အင်း...."
သူအင်တင်တင်နဲ့ဖြေလိုက်သည်။ သူ သိပ်ပြီးတော့မိတ်ဆက်မပေးပါချင်ဘူး။ ဒါပေမယ့် လင်းအဏ္ဏဝါက သူ့အပိုင်မှမဟုတ်တာ။ ဘင်ခရာတီးဝိုင်းက ကျိုင်းကိုင်ကောင်လေးရဲ့ပုံရိပ်ကိုပြန်တွေးလိုက်တာနဲ့တင် သူတို့သူငယ်ချင်းနှစ်ယောက်ရှေ့ဆက်ဘယ်လိုနေကြမလဲလို့တွေးမိသည်။
သူတို့ကသူငယ်ချင်းတွေ။ ပြီးတော့ယောက်ျားလေးနှစ်ယောက်။ ဘယ်လိုနေနေကိစ္စမရှိဘူးဆိုတဲ့အတွေးကဝင်လာသည်။ ပြီးတော့ ကောင်းကောင်းဘာမှဆက်မတွေးဖြစ်တော့ဘူး။ အတွေးတွေကို ရပ်တန်းကရပ်လိုက်တာပဲကောင်းပါတယ်လေ။
ကောင်မလေးက လူအုပ်ကြားထဲပြေးဝင်ပျောက်ကွယ်သွားသည်။
ကောင်းကောင်းကတော့ ဘင်ခရာအဖွဲတွေအနားယူနေတဲ့ ပန်းခြံထဲကိုအပြေးလေး သွားလိုက်သည်။ လင်းအဏ္ဏဝါဗိုက်ဆာနေလောက်ပြီ။
ကျောပိုးအိတ်ထဲက ဟန်ဘာဂါတွေ မအေးခင်ကျွေးရမယ်။ပန်းခြံထဲကိုရောက်တော့ လင်းအဏ္ဏဝါက နေပူထဲမှာရပ်ပြီး ငါးနှစ်အရွယ်ကလေးလေးကိုချီထားတဲ့ အမျိုးသမီးတစ်ယောက်နဲ့စကားပြောနေသည်။
သူ့ဘေးမှာလည်းတူညီဝတ်စုံဝတ်ထားတဲ့
ပန်းဖွားမယ်လေးတစ်ယောက်။
ကောင်းကောင်းသူတို့အနားကိုအပြေး
ကပ်သွားလိုက်သည်။"ကျေးဇူးပါကလေးတို့ရယ်။ အန်တီ့က
သားလေးကို နေရာအနှံ့လိုက်ရှာနေတာ။ သားနဲ့သမီးကခေါ်ထားပေးလို့တော်သေးတာပေါ့"
YOU ARE READING
လက်ထပ်ကြစို့သူငယ်ချင်း
Short Story"မင်းငါ့ကိုလက်ထပ်မယ်လို့ကတိပေးခဲ့တယ်လေ" "ဟုတ်တယ်လေ။ ငါမမေ့ပါဘူး" ".........."