21

461 45 8
                                    

မင်းကိုကာကွယ်မယ်

သူတို့ရဲ့သူဌေးပေါက်စလေး ကောင်းဇာမဏီက
သူငယ်ချင်းတစ်ယောက်ကိုခေါ်လာပြီး
ထိုသူငယ်ချင်းလေးကိုပဲ အရိပ်တကြည့်ကြည့်ဖြစ်နေသည်တဲ့။

ထိုသတင်းက နွားခြံတစ်ခုလုံး တစ်မဟုတ်ချင်း
ပြန့်နှံ့သွားသည်။

"သေချာတယ်..အဲ့ဒီသူငယ်ချင်းက အစ်ကို​လေးရဲ့အနာဂတ်သတို့သမီးလောင်းပဲ"

"ခေါ်လာတာကကောင်လေးကွ"

"ဘာ"

"ဒါဆိုရင်တော့ ငါလည်းမသိတော့ဘူး"

"ဘာပဲဖြစ်ဖြစ် အစ်ကိုလေးရဲ့သူငယ်ချင်းကို
အမှားသွားမလုပ်မိစေနဲ့။ သူ့ဝမ်းကွဲအစ်ကို မန်နေဂျာတောင်လေသံမာမာနဲ့
အပြောခံရတယ်ဆိုရင် ငါတို့ဆိုအလုပ်ပါ
ဖြုတ်လိမ့်မယ်"

"အစ်ကိုလေးကအဲ့လောက်တောင်ကြောက်ဖို့ကောင်းလား"

"မသိဘူးလေ။ အစ်ကိုလေးကနွားခြံကို
သိပ်မလာဘူးကွ။ အဲ့တော့သူ့အကျင့်က
ဘယ်လိုမှန်း ငါဘယ်သိမတုန်း"

"ဟေ့ကောင်တွေ..ရောက်လာကြပြီ"

ကောင်းဇာမဏီရဲ့ အရိပ်ကိုမြင်တာနဲ့
နွားခြံတစ်ခုလုံးတိတ်ဆိတ်သွားလေရဲ့။

ဝန်ထမ်းတွေအားလုံးအပိုစကားတွေ
ဆက်မပြောကြတော့ဘဲ အလုပ်ကိုသာ
ကုန်းလုပ်နေကြသည်။

ကောင်းကောင်းက လင်းအဏ္ဏဝါကို
ခေါ်လာပြီး နွားခြံတာဝန်ခံနှင့်မိတ်ဆက်ပေးသည်။ နွားခြံရဲ့တာဝန်ခံက ကောင်းကောင်းအဖေရဲ့သူငယ်ချင်းမို့ စကားပြောရင်း
သူတို့နှစ်ယောက်ကို အကဲခတ်နေတော့သည်။

"ဖေဖေက သူငယ်ငယ်ကတည်းက
လုပ်လာတဲ့လုပ်ငန်းမို့မစွန့်လွှတ်ချင်ဘူးလေ။
အဲ့တာကြောင့်ဒီနွားခြံကိုဆက်ထားတာ။
ဒါနဲ့...ငါမင်းကိုပြစရာရှိတယ်"

"ဘာကို ပြမှာလဲ"

"လိုက်ခဲ့"

လက်ကိုဆွဲ၍ခေါ်သွားလိုက်ပြီနောက်
နှစ်ယောက်သားနွားခြံ၏ အစွန်ဆုံး
တစ်နေရာကိုရောက်ရှိလာသည်။ ခြံသေးသေးလေးထဲမှာတော့ မဟော်ဂနီရောင်နွားသိုးပေါက်လေးတစ်ကောင်။

လက်ထပ်ကြစို့သူငယ်ချင်းWhere stories live. Discover now