18

500 49 6
                                    

မွေးနေ့ပွဲ

လင်းအဏ္ဏဝါတစ်ယောက် နွားနို့တွေ
ခိုးသောက်နေပုံရသည်။

ကောင်းကောင်းသတိထားမိသွားချိန်က
လင်းအဏ္ဏဝါရဲ့ မက်ခွက်လေးကိုယူပြီး
ရေထည့်သောက်တဲ့အချိန်ဖြစ်သည်။
မက်ခွက်မှာ နို့နံ့တွေကစွဲထင်နေ၏။
နွားနို့ရဲ့ရနံ့က သေချာတိိုက်ချွတ်ဆေးမည်
ဆိုအုံးတော့ အနည်းနဲ့အများနို့နံ့စွဲထင်နေမည်ပင်။ ကောင်းကောင်းက မွေးကတည်းကနွားနို့ဖြင့်ကြီးပြင်းလာသူဆိုတော့သိသည်။

ကောင်းကောင်း လေထွက်အောင် ဟက်ကနဲ
တစ်ချက်ရယ်လိုက်မိတော့သည်။ ပြီးနောက်
ခွက်ကလေးကိုကိုင်လျက် မီးဖိုခန်းဆီလျှောက်သွားလိုက်၏။ လင်းအဏ္ဏဝါကတော့
ကိတ်မုန့်ဖုတ်ဖို့အတွက်အလုပ်များနေတာပေါ့။

မနက်ဖြန်မှာကျရောက်မယ့် ကောင်းကောင်းရဲ့မွေးနေ့အတွက် သူတို့နှစ်ယောက်ကတော့
ဒီနေ့ညရဲ့ ညဆယ့်နှစ်နာတိတိမှာ မွေးနေ့ကိုကြိုဆိုကြမည်။

လင်းအဏ္ဏဝါက အကျီံလက်ကို
ပင့်တင်ထားရင်း ဖြူဖြူသွယ်သွယ်
လက်ချောင်းလေးတွေနဲ့ ဂျုံကိုဂရုတစိုက်
နှယ်နေသည်။ ဂျုံမှုန့်​တွေကပ်
နေတဲ့လက်ချောင်းလေးတွေက အဖိုးမဖြတ်
နိုင်တဲ့ အနုပညာတစ်ခုကိုထုဆစ်တော့မည့်နှယ်။

"လင်းပိစိ..မင်းနွားနို့ကြိုက်သွားပြီလား"

ဂျုံနှယ်နေတဲ့လက်တွေရပ်သွားပြီး သူ့ကို
မော့ကြည့်သည်။ မျက်နှာကတော့ ထုံးစံအတိုင်း
မပြောင်းမလဲအမူအရာနှင့်။

"ဘယ်ကနွားနို့လဲ"

"မင်းနွားနို့ကိုဒီခွက်နဲ့သောက်တယ်မဟုတ်လား။ ခွက်မှာနွားနို့နံ့တွေနဲ့"

သက်သေနှင့်တကွပြောတော့ငြင်းဆိုမရတော့။
နှယ်ထားတဲ့ဂျုံပေါ်ကို ဂျုံမှုံ့လေးတွေ ထပ်ဖြူးလိုက်ရင်း

"အွန်း..နည်းနည်းသောက်ကြည့်တာ။ တစ်ဝက်တောင်မသောက်နိုင်ဘူး။ သွန်လိုက်ရတယ်"

တကယ်တော့ကောင်းဇာမဏီတိုက်ရင်သာ
အားနာနာနဲ့သောက်ဖြစ်တာ။ လင်းအဏ္ဏဝါ
အလျှောက်ဆို နွားနို့ကို ဘယ်လိုမှသောက်မရ။

လက်ထပ်ကြစို့သူငယ်ချင်းWhere stories live. Discover now