ကျန်ရစ်ဖြစ်ပြီ
သောကြာနေ့ ဖြစ်ပေမယ့် ကျောင်းက
ပြန်လာပြီးကတည်းက လင်းအဏ္ဏဝါအနားမရသေး။Weekend အတွက်တွေးပျော်ဖို့လား။ နတ္ထိ။
TGIF လုပ်ဖို့လား..လုံးဝမဖြစ်နိုင်။ ကုမ္ပဏီက
ပို့ပေးထားတဲ့ ပရော့ဂျက်တစ်ခုကို တစ်ပတ်အတွင်းပြီးအောင်ဘာသာပြန်ပေးရမှာမို့
ကျောင်းကပြန်ရောက်တာနဲ့ ကျောပိုးအိတ်ကို
ပစ်ချပြီး Laptop ဆီအပြေလေးသွား။ လုပ်ငန်းစဖို့ပြင်ဆင်ရပြီ။မာမီက မုန့်ဖိုးတွေအများကြီး ပို့ပေးထားခဲ့
ပေမယ့် လင်းအဏ္ဏဝါကတော့မသုံးဖြစ်ပေ။
အဲ့ဒီအစား မုန့်ဖိုးတွေအားလုံးကိုစုထားသည်။
အခုဆို လင်းအဏ္ဏဝါရဲ့ ဘဏ်စာအုပ်ထဲမှာ
သုညတစ်လုံးထပ်တိုးခဲ့ပြီ။ ငယ်စဥ်ကတည်းက မက်ခဲ့ရတဲ့အိမ်မက်လေးကို ကျောင်းပြီးတာနဲ့အကောင်အထည်ဖော်မှာမို့ အလုပ်ကရတဲ့
ဝင်ငွေတွေကိုလည်းစုဖြစ်၏။"ဒေါက်..ဒေါက်..ဒေါက်"
အလုပ်လုပ်ဖို့ကြံကာရှိသေး။ တံခါးခေါက်သံထွက်ပေါ်လာတာကြောင့် လင်းအဏ္ဏဝါစိတ်ညစ်သွားသည်။
ကောင်းကင်ထက်ကနေမင်းကြီးသည်
အနောက်အရပ်သို့တဖြည်းဖြည့်ပြုတ်ကျသွားချေပြီ။ အပြင်ဖက်က အရမ်းကြီးပူမနေတော့။
ဒီအချိန်ကြီးသူ့ဆီ လာမယ့်သူက နှစ်ယောက်ပဲ
ရှိသည်။ တစ်ယောက်ကတော့ သူ့ကိုကြီး။
နောက်တစ်ယောက်ကတော့.."ဗြဲ..လင်းပိစိ"
တံခါးဖွင့်လိုက်တာနဲ့ လည်ပင်းကိုလာ
ဖက်ပြီး သူ့ခန္ဓာကိုယ်ကိုယီးလေးခိုလာတဲ့ ကောင်းဇာမဏီ။ အသံပြဲကြီးပြုလုပ်ပြီး ငိုချင်ယောင်ဆောင်နေသေးသည်။"မင်း..ဘာဖြစ်လာတာလဲ"
"မပြောချင်တော့ပါဘူးကွာ"
"မပြောချင်မပြောနဲ့"
"ဗြဲ..လင်းပိစိရေ"
ကောင်းဇာမဏီကသူ့ကို ပိုတိုးပြီး ဖက်တွယ်လာသည်။ လင်းအဏ္ဏဝါက အနှီဒိုင်နိုဆောလို ခန္ဓာကိုယ်ကြီးကို ကြာကြာသယ်မထားနိုင်။
ဤသိုဖြင့် ကောင်းဇာမဏီကရှေ့ကိုတိုးပြီး
ဖက်တွယ်လာလေ လင်းအဏ္ဏဝါကနောက်သို့ဆုတ်ဆုတ်သွားလေဖြစ်သည်။ နောက်ဆုံးတော့ နှစ်ယောက်သား နံရံမှာကပ်သွားတော့၏။
YOU ARE READING
လက်ထပ်ကြစို့သူငယ်ချင်း
Short Story"မင်းငါ့ကိုလက်ထပ်မယ်လို့ကတိပေးခဲ့တယ်လေ" "ဟုတ်တယ်လေ။ ငါမမေ့ပါဘူး" ".........."