8

547 54 0
                                    

ငါ့အိမ်လိုက်နေ


"ဖိုးဏီ..."

"ဖိုးဏီ"

ခေါ်သံသဲ့သဲ့ကြောင့် သူနိုးလာခဲ့သည်။

သူ့လက်ကတော့ တစ်စုံတစ်ယောက်ရဲ့ဆေးပိုက်တန်းလန်းနဲ့လက်လေးကို ခပ်တင်းတင်းဆုတ်ကိုင်ထား၏။

သူ ဆေးရုံကုတင်ပေါ်ကိုလက်ထောက်ပြီးအိပ်ပျော်သွားခဲ့တာပဲ။

ကောင်းကောင်းမျက်လုံးတွေကိုပွတ်သတ်ပြီး
ထလိုက်သည်။

"ဖိုးဏီ..ငါ့ရဲ့လက်"

လင်းအဏ္ဏဝါကသူ့လက်လေးကိုမသိမသာပြန်ရုန်းနေသည်။

သူအိပ်နေတုန်းမှာ ခပ်တင်းတင်းဆုတ်မိသွားတာနေမှာ။ ဘာလို့လဲဆိုတော့ အိမ်မက်ထဲမှာ
လင်းပိစိကသူ့ကိုထားသွားတယ်လို့မက်လို့လေ။ သူ့မှာငိုလိုက်ရတာ။

"Sorry နာသွားလား"

လင်းအဏ္ဏဝါက ခေါင်းခါပြသည်။

နာရင်တောင်မနာဘူးပဲပြောမှာ။ ဒီကျောက်ခဲလိုအသည်းပိုင်ရှင်က။

ကောင်းကောင်းက လင်းအဏ္ဏဝါကို ဆွဲထူလိုက်သည်။ ပြီးတော့ နောက်ကျောမှာလည်းခေါင်းအုံးလေးကိုခုပြီး ထိုင်ခိုင်းလိုက်တယ်။

"ကြည့်ပါအုံး မျက်နှာက တစ်ခြမ်းပဲရှိတော့တယ်။ အဲ့လောက်တောင်ကြိုးစားစရာလိုလို့လား။ အဆင့်တစ်ကအမြဲတမ်းမင်းအတွက်လေ"

လင်းပိစိကသူ့ကို ရယ်ပြသည်။

"မင်းသာအလျှော့မပေးရင် ငါကအဆင့်တစ်ရ
ပါ့မလားကွာ"

"ဘာလို့မရ ရမှာလဲ။ မင်းကအမြဲအမှတ်ပြည့်ရနေတာလေ။ ဘယ်သူကမင်းကိုရိုက်ချနိုင်မှာလဲ"

"ဒါပေမယ့်မင်း။ မင်းလည်း အမှတ်ပြည့်ရအောင်ဖြေလို့ရရဲ့သားနဲ့"

သူခေါင်းခါပြလိုက်တယ်။

"ငါက အဆင့်တစ်နေရာမှာ မင်းတစ်ယောက် ထဲကိုပဲမြင်ချင်တာ"

အဲ့လိုပြောပြီးသူသက်ပြင်းချလိုက်မိသည်။

ပြီးတော့

"ဒါပေမယ့်အခုတော့ မင်းအဆင့်တစ်မရလည်းကိစ္စမရှိဘူး။ ဘယ်အဆင့်ပဲရရကိစ္စမရှိဘူး။ မင်း..ကျန်းမာနေရင်ရပါပြီ"

လက်ထပ်ကြစို့သူငယ်ချင်းWhere stories live. Discover now