2

881 88 0
                                    

ကောင်းဇာမဏီ VS လင်းအဏ္ဏဝါ

အလယ်တန်းတက်တဲ့အချိန်တွေက ဘဝမှာအပျော်ရွှင်ရဆုံးအချိန်တွေပဲ။ မူလတန်း
မှာကျတော့လည်း ဘာကိုမှမသိသေးလို့ စိတ်ဝင်စားစရာမကောင်းဘူး။ အထက်တန်းရောက်ပြန်တော့လည်း သိတာတွေများလာလို့ စိတ်ဝင်စားစရာမကောင်းပြန်ဘူး။

အလယ်တန်းကျောင်းသားဘဝမှာသာ....
သိတယ်လည်းမဟုတ်။ မသိဘူးလည်းမဟုတ်တဲ့
စူးစမ်းနေဆဲအရွယ်လေး။ အရာရာကိုအမြဲ စူးစမ်းနေရမှ။ အသစ်အဆန်းတွေကို
ရှာဖွေနေရမှ။ အဲ့ဒီလို အချိန်လေးတွေက
နောင်တစ်ချိန်မှာ ပြန်လိုချင်ရင်တောင်ပြန်
မရနိုင်တော့တဲ့ တန်ဖိုးဖြတ်လို့မရတဲ့အချိန်လေး
တွေဖြစ်လာမှာမလွဲ။

အလယ်တန်းကျောင်းသားအများစုက ဖူးသစ်စပန်းပွင့်လေးတွေလိုပဲ။ အားလုံးက လတ်ဆတ်တက်ကြွပြီး လန်းဆန်းနေသည်။

ကောင်းကောင်းကတော့ အလယ်တန်းတက်ရတဲ့အချိန်တွေကိုအပျော်ဆုံးပဲ။ အထူးသဖြင့် လင်းအဏ္ဏဝါနဲ့အတူရှိနေတဲ့အချိန်မျိုးမှာပေါ့။

နေ့လည်စာကျောင်းဆင်းချိန်မှာတော့
ကောင်းကောင်းကအိပ်နေတဲ့ လင်းအဏ္ဏဝါကို
အတင်းနိုးပြီး ထမင်းကျွေးနေသည်။

"ရော့..ဒါကဖလောင်တောင်မွှေး။ အရိုးနုလေးတွေပဲကြော်လာတာ။ အကုန်ဝါးလို့ရတယ်။ ဒါက ဝက်ပုန်းရည်။ နူးနူးလေး ဖြစ်အောင်ချက်ထားတာ။ စွန်တန်ဟင်းချိုလည်းသောက်အုံး။ ဓါတ်ဗူးထဲထည့်လာတာမို့လို့ ပူနေတုန်း။ မိုးတွင်းဆိုတော့ပူပူစပ်စပ်လေးတွေသောက်ပြီး ချွေးထွက်မှကောင်းမှာ။ အကုန်လုံးကမင်းအကြိုက်တွေချည်းပဲ"

ကောင်းကောင်းက လင်းအဏ္ဏဝါရဲ့ ထမင်းချိုင့်ထဲကို ဟင်းတစ်မျိုးစီအကုန်လိုက်ထည့်ပေးလိုက်သည်။ ပြီးတော့လည်း ဟင်းတွေကိုသူကိုယ်တိုင်ချက်ခဲ့သလို အသေးစိတ်ရှင်းပြနေလေရဲ့။

တကယ်တော့ ဟင်းတစ်မျိုးစီက ကျန်းမာရေးအတွက်ကောင်းတာမို့လို့ သူ့လင်းပိစိကိုအကုန်ကျွေးချင်နေတော့တာ။

"တော်..တော်ဖိုးဏီ။ ငါ့ထမင်းချိုင့်ထဲမှာလည်း
ကြည့်အုံး။ ထမင်းတောင်မမြင်ရတော့ဘူး"

လက်ထပ်ကြစို့သူငယ်ချင်းWhere stories live. Discover now