16

476 47 10
                                    

မထားခဲ့ပါနဲ့

"ကောင်းဇာမဏီ...အပျိုကြီးကမင်းကို
ခိုင်းစရာရှိလို့တဲ့။ ရုံးခန်းထဲမှာစောင့်နေတယ်။ သွားလိုက်အုံး" ဆိုပြီး အစ်ကိုတစ်ယောက်ကလာခေါ်သည်။

ဘေးနားမှာသူနဲ့အတူနေ့လည်စာထိုင်စားနေတဲ့ ဌာနတူ လုပ်ဖော်ကိုင်ဖက် အစ်ကိုက သူ့ကို အလွန်စာနာနေပုံရတဲ့မျက်လုံးတွေနဲ့ကြည့်ပြီး ရယ်နေ၏။ လာခေါ်တဲ့အစ်ကိုကတော့ ဖိုက်တင်းဟုပြောကာ သူ့ပုခုံးကိုပုတ်သွားသည်။

ကောင်းဇာမဏီစိတ်ညစ်သွားပြီ။

တကယ့်ကို အလုပ်တွေပိနေတဲ့နွေရာသီကြီး။

နေလည်စာစားနေချိန်လေးတောင် ဖြောင့်ဖြောင့်မစားရ။ အပျိုကြီးက အလုပ်မှန်သမျှ သူ့ကိုပဲ
ဦးတည်ပြီးခိုင်းသည်။ တကယ်တော့ အပျိုကြီးက ဖေဖေ့ရဲ့ ညီမဝမ်းကွဲ။ သူ့အဒေါ်ဝမ်းကွဲဖြစ်သည်။ ထိုကဲ့သို့သော သွေးသားတော်စပ်မှုကပဲ သူ့ကိုပိုပြီးနိုင်စားလို့ရတဲ့နိုင်ကွက်
ဖြစ်သွားလေသလားမသိ။ အရောင်းဌာနက မန်နေဂျာလိုတောင်မဟုတ်။ အပျိုကြီးကတော့သူ့အား အသေအကျေကို ထရိန်နင်ပေးလေသည်။

အပျိုကြီးရဲ့ဆောင်ပုဒ်ကတော့ ချွေးထွက်များမှ သွေးထွက်နည်းမည်တဲ့။ အနာဂတ်မှာ အရည်အချင်းမပြည့်မှီတဲ့သူတစ်ယောက်ဆီကိုတော့ ကုမ္ပဏီကိုထိုးမအပ်နိုင်။ သူကိုယ်တိုင်
ကောင်းဇာမဏီကို အရည်အသွေးပြည့်မှီတဲ့ကျောက်ကောင်းလေးတစ်လုံးဖြစ်အောင်
သွေးပေးမယ်..ဆိုပြီးလည်း ဖွားအေလုပ်သူကို
ကတိပေးသွားသေးသတဲ့။

ကောင်းဇာမဏီ ထမင်းကိုအလျှင်အမြန်မျိုချရင်းထရပ်လိုက်သည်။ ထိုအချိန် သူ့ဖုန်းထဲသို့
Instagram မှမက်ဆေ့ချ်ဝင်လာ၏။ သူစိတ်လှုပ်ရှားစွာနှင့်ပင်ဖွင့်ကြည့်လိုက်မိသည်။

ပို့တဲ့သူက လင်းအဏ္ဏဝါ။

လင်းအဏ္ဏဝါက သူ့ဆီ Instagram မှတစ်ဆင့်
ဓါတ်ပုံလေး သုံးပုံပို့ပေးထားခြင်းဖြစ်သည်။
ပုံအောက်မှာလည်း စာလေးတွေနှင့်။

သူပြုံးလိုက်မိသည်။ တော်သေးလိုပေါ့။
လင်းအဏ္ဏဝါ အတင်းကြီးငြင်းဆန်နေတဲ့
ကြားက သူ့ကို IG အကောင့်ဖွင့်ပေးလိုက်မိ
ပေလို့။ မဟုတ်လို့ကတော့ ဒီလိုပုံလေးတွေကို ကျေးဇူးရှင်လေးဆီက မြင်ရမှာမဟုတ်။

လက်ထပ်ကြစို့သူငယ်ချင်းWhere stories live. Discover now