11

509 55 3
                                    

ရှောင်နေသူ

ကောင်းကောင်းအိပ်ရာကနိုးလာတော့
လည်ချောင်းတွေပူကျစ်နေပြီး ခေါင်းလည်းနည်းနည်းကိုက်နေသည်။ သေချာတာကတော့ ညကသောက်ခဲ့တဲ့ ဝီစကီကြောင့်ပဲ။

သူတို့နှစ်ယောက်စလုံးအတွက် ပထမဆုံးအယ်လ်ကိုဟောလ်ကို မြည်းစမ်းခြင်း။ နှစ်​ယောက်လုံးရဲ့
အယ်လ်ကိုဟော ခံနိုင်ရည်ကတော့ မြင်တဲ့အတိုင်း။ သုံးလေးခွက်လောက်လောက်နှင့်မှောက်သည့်အဆင့်။

ကောင်းကောင်းမျက်လုံးတွေကိုဖွင့်လိုက်ပြီး
နဖူးပေါ်လက်တင်ထားရင်း မျက်နှာကျပ်ကို
ငေးနေမိသည်။ ညကမျက်နှာလေး။
မျက်ရည်ဥတွေတွဲလွဲခိုနေတဲ့ မျက်ဝန်းတွေ။ ဝီစကီကြောင့်ရဲ့ရဲတွတ်နေတဲ့နှုတ်ခမ်းလေး။
နူးနူးညံညံနှုတ်ခမ်းလေးကို သူငုံ့ပြီး ငုံထွေးမိလိုက်တော့.....

ကောင်းကောင်းခေါင်းကိုခါထုတ်လိုက်သည်။
သူငယ်ချင်းတစ်ယောက်အပေါ်မှာ ညစ်ထေးတဲ့အတွေးတွေ တွေးနေမိတဲ့အတွက် သူ့ကိုသူလည်း ရှက်မိရသည်။

"မဖြစ်ဘူး"

အရူးတစ်ယောင်လိုအော်ဟစ်ရင်း ငုတ်တုတ်
ထထိုင်လိုက်မိပြီလေ။

သူငယ်ချင်းအပေါ်အပြစ်ပြုမိတာပဲ။

သူက ဝမ်းနည်းနေတဲ့ယုန်ဖြူလေးကို အငိုတိတ်သွားစေချင်ရုံပါ။ သူဘာလို့ အဲ့ဒီအငိုတိတ်စေ
မယ့် နည်းလမ်းကြီးကိုမှကိုမှရွေးမိရတာလဲ။
ချော့လို့ရတဲ့နည်းလမ်းတွေအများကြီးရှိတဲ့
အထဲကမှလေ။

လင်းအဏ္ဏဝါကို ရှင်းပြရမယ်။ ဒါပေမယ့် ဘယ်လိုအကြောင်းပြပြီးရှင်းပြမှာလည်း။

သူတွေးလို့မရ။ တွေးလိုက်တိုင်း စိတ်ရှုပ်လာရပြီး အာရုံတွေက ဟိုဟိုဒီဒီပြန်ကျဲသွားသည်။
ပြီးတော့ တစ်ဖန်ပြန်စိတ်ရှုပ်လာပြန်သည်။
ဒီလိုနဲ့ပဲ ကြာအေးသူ့အမေရိုက်နေတော့သည်။

အငွေ့သာပျံသွားချင်တော့တာပဲ။ ဟူးးးးးး

သူသက်ပြင်းချရင်း နံဘေးကိုစိတ်မလုံခြုံစွာနဲ့
ကြည့်လိုက်မိတော့ပိုင်ရှင်မဲ့နေတဲ့ခေါင်းအုံးလေး။ ခေါင်းအုံးပေါ်မှာတော့ စာရွက်လေးတစ်ရွက်ရှိနေသည်။

လက်ထပ်ကြစို့သူငယ်ချင်းWhere stories live. Discover now