24

1.4K 66 20
                                    

ပြိုင်ပွဲ

တတိယနှစ်ဝက်စာမေးပွဲတွေပြီးတော့
ဆောင်းရာသီအားကစားပြိုင်ပွဲက ဆိုက်ဆိုက်မြိုက်ကြီးကိုရောက်ရှိလာလေ၏။

ကောင်းကောင်းတို့မြို့ကတော့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ရင်ခုန်စိတ်လှုပ်ရှားသံတွေနဲ့ဆူဆူညံလျက်ပေါ့။ မြို့နေပြည်သူတွေကလည်း ကျောင်းသားတွေရဲ့ပွဲကို စိတ်ဝင်တစားရှိကြသည်။ ပြိုင်ပွဲမှာ အားကစားနည်းအသစ်တွေ
လည်းထပ်တိုးထားသေးသည်လေ။

ဆောင်းရာသီ အားကစားပြိုင်ပွဲရဲ့ အဓိက
ကစားနည်းဖြစ်တဲ့ ဘတ်စကတ်ဘောကတော့
လူတွေရဲ့စိတ်ဝင်စားမှုကို အဖမ်းယူနိုင်ဆုံး။
ပြိုင်ပွဲမှာ နာမည်ကြီးကျောင်းသားတွေ
ပါတယ်ဆိုတော့ ပွဲစင်တိုင်းမှာ လူကအပြည့်ပင်။ အများဆုံးကတော့ ကောင်းဇာမဏီရဲ့ပရိတ်သတ်တွေဖြစ်သည်။ သူ့မှာ ဖန်အဲ့လောက်များသွားတာ
သူတောင်မသိလိုက်။

ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကောင်းတို့
ကျောင်းအသင်းကမျှော်မှန်းထားတဲ့အတိုင်း
ဖိုင်နယ်အထိတက်လှမ်းနိုင်ခဲ့သည်။ နည်းပြကအစ အသင်းခေါင်းဆောင်အဆုံး ပျော်လို့မော်လို့မဆုံး။ အကယ်၍ ဖိုင်နယ်ပွဲမှာသာ ရွှေဖလားရခဲ့ရင် နည်းပြကဟော်တယ်မှာ ပါတီပွဲကျင်းပ
ပေး ပေလိမ့်အုံးမည်။

ဖိုင်နယ်ပွဲစင်ကို လက်ခံကျင်းပမယ့် နည်းပညာတက္ကသိုလ်ကို ကောင်းကောင်းတို့ကျောင်းကား
ဆိုက်တော့ လာကြိုနေတဲ့ သူတွေအပြည့်
ရှိနေသည်။

ကောင်းကောင်းရဲ့ နာမည်ကို သံချပ်လုပ်ပြီး
သီချင်းဆိုနေတဲ့ သူတွေလည်းရှိသလို စီးပွားရေးတက္ကသိုလ်က ဒီနှစ်မှာရွှေဖလားရမယ့်အကြောင်း
အော်ဟစ်သီကြွေးနေသူတွေ အများအပြား။

"သူများကျောင်းမှာ လေသံလေးနည်းနည်းလျော့ကြပါအုံး။ ကွင်းထဲရောက်မှ အော်။ ဟုတ်ပြီလား"

နည်းပြက လော်စပီကာနဲ့အော်လိုက်မှ အသံက တိုးတယ်ဆိုရုံ တိုးသွားကြလေသည်။

နည်းပညာတက္ကသိုလ်က အချောအလှလေးတွေက သူတို့အသင်းကိုလာကြိုပြီးအားကစားရုံရဲ့နား
နေခမ်းမှာနေရာချပေးသည်။ အားကစားရုံထဲက
ဆူညံသံတွေကတော့ နားနေခမ်းထဲအထိလျှံကျလျက်။

You've reached the end of published parts.

⏰ Last updated: Nov 16, 2021 ⏰

Add this story to your Library to get notified about new parts!

လက်ထပ်ကြစို့သူငယ်ချင်းWhere stories live. Discover now