ရေခဲပန်းပုလေး
"ဟယ်...ပင်လယ်ပြာလေးရောက်လာပြီတော့"
ကောင်းကောင်းတို့အိမ်ထဲတောင်မရောက်သေးဘူး။ မေမေက အာဗြဲကြီးနဲ့အော်ပြီးထွက်လာပြီ။
"အန်တီ..မတွေ့ရတာကြာပြီနော်"
လင်းအဏ္ဏဝါကပြန်နှုတ်ဆက်တော့ မေမေ့မျက်နှာမှာကျေနပ်တဲ့အပြုံးကြီးဖြစ်တည်သွားတာပေါ့။
ကောင်းကောင်းနှုတ်ခမ်းလေးတွန့်ရုံပြုံး လိုက်သည်။
တကယ်တော့ လင်းပိစိကို ကောင်းကောင်းတင်မကဘူး တစ်မိသားစုလုံးကခရေဇီဖြစ်နေကြပြီလေ။ ဘဝတစ်သက်တာမှာ ဒီလောက်ချောတဲ့
ခလေးမျိုးမတွေ့ဖူးပါဘူးတဲ့။ သူတို့ရဲ့
ပြိုင်ဘက်ကင်းအချောဆုံးသားတော်မောင်လေးရှေ့မှာဒီစကားမျိုးပြောရဲသေးတယ်။ဖွားတစ်ယောက်ကလည်း သူလင်းပိစိကိုအိမ်ခေါ်လာတိုင်း လင်းပိစိကြိုက်တဲ့ဟင်းတွေချက်ချက်ကျွေးရတာအမော။ မေမေကတော့လား။ ကျောင်းက လင်းအဏ္ဏဝါရဲ့ Fan girl တွေလိုပြုမူနေလေရဲ့။
"အမလေး ချောလိုက်တာ။ မေမေ့ပင်လယ်ပြာလေးကတစ်နေ့တစ်ခြားပိုပိုချောလာတာပဲ"
မေမေက လင်းအဏ္ဏဝါရဲ့ပါးလေး နှစ်ဖက်ကို လက်ဖဝါးနှစ်ဖက်နဲ့ မိမိရရညှပ်ပြီး
ဟိုဖက်ဒီဖက်လှည့်လိုက်။ သေချာကြည့်လိုက်နဲ့။ ချီးကျူးနေလေရဲ့။လင်းအဏ္ဏဝါရဲ့ ပါးနှစ်ဖက်ကတော့ မက်မွန်သီး
လေးလိုနီရဲလာနေသည်။ ကောင်းကောင်းမနေနိုင်တော့ပဲ"မေမေတော်တော့။ လင်းပိစိရှက်နေပြီ"
"အာ..မေမေကချစ်လိုပါ။ သားတို့အတွက် ညစာအဆင်သင့်ပြင်ပြီးသွားပြီ။ တစ်ခါထဲစားပြီးမှ အနားယူကြနော်။ ဖွားကထမင်းစားခန်းမှစောင့်နေတယ်"
"ဖေဖေရော"
"သားဖေဖေက ကုမ္ပဏီမှာပဲရှိသေးတယ်"
ကောင်းကောင်းမကျေမနပ်နဲ့ မျက်လွှာကိုအသာ
ချလိုက်မိသည်။ကောင်းကောင်းရဲ့ဖေဖေက ကောင်းစားသောက်ကုန်လုပ်ငန်းကို စတင်အခြေတည်လိုက်ပြီး လုပ်ငန်းလည်ပတ်လာတာနဲ့အမျှအလုပ်တွေကလည်း ရှုပ်သထက်ရှုပ်လာသည်။ အိမ်ပြန်ထမင်းစားနိုင်ဖို့နေနေသာသာ ထမင်းကိုနပ်မှန်အောင်စားရဲ့လားမသိတော့ဘူး။ မေမေကတော့ဂရုတစိုက်ကျွေးမည်ပင်။ ဒါပေမယ့်လည်း
ရယ်သံတွေဝေစီနေတဲ့ မိသားစုထမင်းဝိုင်းလေးကတော့ အရင်လိုအမြဲတမ်း လူစုံဖို့
မဖြစ်နိုင်တော့ဘူးပေါ့။
YOU ARE READING
လက်ထပ်ကြစို့သူငယ်ချင်း
Short Story"မင်းငါ့ကိုလက်ထပ်မယ်လို့ကတိပေးခဲ့တယ်လေ" "ဟုတ်တယ်လေ။ ငါမမေ့ပါဘူး" ".........."