17

466 48 8
                                    

လက်ဆောင်

ကောင်းဇာမဏီတစ်ယောက် အူမြူးနေသည်။
သိသိသာသာပင်။ အရင်ကဆိုအလုပ်ကိုပဲ
တစိုက်မက်မက်လုပ်တတ်ပြီး အသက်အရွယ်နဲ့
မလိုက်အောင် ရင့်ကျက်ချင်ယောင်ဆောင်နေတဲ့ကောင်လေးက ဒီနေ့မှထူးထူးကဲကဲ ကလေးတစ်ယောက်လိုပျော်နေတာ။ သူ့အမူအရာကသိသာလွန်းသည်။ ပတ်ဝန်းကျင်က သတိထားမိတဲ့အထိ။

ကောင်းကောင်းပတ်ဝန်းကျင်ကိုသိပ်
ဂရုစိုက်မနေဘဲအပျိုကြီးရုံးခန်းထဲကို ခွင့်တိုင်ဖို့ဝင်လာခဲ့သည်။ အပျိုကြီးကသူ့ဆီ မျက်မှန်ကြီးကိုကျော်ပြီးကြည့်သည်။

"ဒေါ်လေး..ကျွန်တော်နေ့တစ်ဝက်ခွင့်တိုင်ချင်လို့"

"ဘယ်သွားမလို့လဲ"

"သူငယ်ချင်းကိုသွားကြိုမလို့ပါ"

"အဲ့ဒီသူငယ်ချင်းက အလုပ်ထက်အရေးပါလား"

ဒေါ်လေးမေးခွန်းကြောင့်သူဆွံ့အသွားရသည်။
ဒေါ်လေးကတော့ သူ့ကိုကျပ်နေပြီ။ ဒေါ်လေးအပျိုကြီးကသူ့ကို လွယ်လွယ်နဲ့ခွင့်ပေးမယ်ထင်ခဲ့တာ။ သူ့အမှားပဲ။ ဒီလိုမှန်းသိရင်ခွင့်မတောင်းဘဲလစ်ထွက်သွားပါတယ်။

"မသွားရဘူး..ညနေကျရင် ရှယ်ယာရှင်အစည်းအဝေးရှိတယ်။ မင်းကနောက်ဆို အဲ့ဒီ့အစည်းအဝေးရဲ့ထိပ်ဆုံးခုံမှာထိုင်ပြီးဆုံးဖြတ်ချက်တွေချရမှာ။ ခုကတည်းက အစည်းအဝေးလိုက်တက်ပြီးလေ့လာ။ ဒါပဲ။ သွားတော့"

အပျိုကြီးရဲ့ရုံးခန်းထဲကနေကောင်းကောင်း စိတ်ပျက်လက်လက်ပျက်ပြန်ထွက်လာခဲ့သည်။
သူ့ခေါင်းထဲမှာတော့ အကြံအပြည့်နှင့်။

အပျိုကြီးက အနာဂတ်ရဲ့ဥက္ကဌလောင်းကို
ဗိုင်းကောင်းကျောက်ဖိမိန်းမပျိုလေးတစ်ယောက်နှယ် ပြုစုပျိုးထောင်နေသည်။ ဒါကို
သူကဘယ်လိုလက်ခံရမှာလဲ။ လင်းအဏ္ဏဝါကို
သွားကြိုမယ်ကိစ္စကို အပျိုကြီးလည်းလာတားလို့မရ။ သိကြားမင်းဆင်းတားတော်မူတောင်
မရဘူး။

သူ့ရဲ့သူငယ်ချင်းရေခဲပန်းပုလေးကို မတွေ့ရတာ
ဘယ်လောက်တောင်ကြာပြီလဲ။ ပြောရင်းနဲ့
ခုတောင်တွေ့ချင်လာပြီ။

လက်ထပ်ကြစို့သူငယ်ချင်းWhere stories live. Discover now