9

514 56 0
                                    

မိတ်ဆွေဟောင်း

ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့...

လင်းအဏ္ဏဝါရော သူရောစာမေးပွဲအောင်ကြသည်။

ထူးပြောနေဖို့မလိုဘူး။ နှစ်ယောက်လုံး All D ပေါ့။

အဲ့ဒီညကဆယ့်နှစ်နာရီလောက်ကြီးဖုန်းလာတယ်လေ။ ဖုန်းလာတဲ့အချိန်သူက King size ကုတင်ကြီးပေါ်မှာ လင်းပိစိကိုဖတ်အိပ်နေတုန်းရှိသေးတယ်။ ဖုန်းသံက နားမခံသာအောင်မြည်လာတော့ သူမထလို့မရတော့ဘူး။

ကောင်းကောင်းသူ့ကိုယ်သူပြန်ကြည့်လိုက်တော့ ခြေရောလက်ရောက လင်းအဏ္ဏဝါပေါ်ပစ်တင်ထားလိုက်တာများ။

အဲ့ဒါနဲ့ပဲ လင်းအဏ္ဏဝါနိုးမှာစိုးလို့သူ့ခြေထောက်တွေလက်ထောက်တွေကို အသာအယာဖယ်လိုက်ရတာပေါ့။

သူကခပ်အုပ်အုပ်အသံနဲ့

"ဟယ်လို..ဘယ်သူဆက်တာလဲ"

"ဟယ်လို..ဟယ်လို..ကောင်းဇာမဏီလား။ ငါပါ အချောလေးပါ"

"အချောလေး"

"အင်းအင်း..ဟုတ်တယ်"

အချောလေး ဆိုတာဘယ်သူလဲ သူ မနည်းပဲ
စဥ်းစားလိုက်ရသည်။ ပြီးတော့မှအချောလေးက သူတို့အတန်းက အတန်းခေါင်းဆောင်ကောင်မလေးဖြစ်နေ၏။

ဒီခလေးမက ညသန်းခေါင်ကြီးဘာလိုဖုန်းဆက်တာလဲ။ သူ့ကိုကြောင်ချင်လို့လား။

ကောင်းကောင်းအိပ်ချင်မူးတူးဖြစ်နေသည်။

"ဘာကိစ္စရှိလို့လဲ အချောလေး"

"ကောင်းကောင်း နင်စာမေးပွဲအော်တယ်သိလား။ All D နဲ့။ ငါ..ငါလည်းအောင်တယ်သိလား"

ကောင်မလေးက ဝမ်းသာအားရနဲ့အသံတွေတောင်တုန်နေတယ်။

"အော်ဘာများလဲလို့။ အောင်စာရင်းအကြောင်းပြောဖို့ဆက်တာကိုး"

သူအိပ်ချင်မူးတူးနဲ့ဖုန်းချဖို့ပြင်လိုက်တယ်။ နောက်မှ သူသတိရသွားတယ်။

လက်ထပ်ကြစို့သူငယ်ချင်းWhere stories live. Discover now