3

370 61 4
                                    

Unicode

သူသာမြတ်နိုးရာ 💛

'' Namjoon ahh....ဟေ့ကောင်...ထတော့...ထတော့ ကျောင်းသွား ရတော့မယ်...''

'' အင်းး....ငါးမိနစ် Seok Jin....''

''ငါးမိနစ် တွေ ဘာတွေ လုပ်မနေ နဲ့ ကျောင်းသွားရမယ် ဆို...ထ တော့ကွာ...မထရင် ငါ ကိုက်မှာနော် ဟေ့ကောင်...''

ဒါက တော့ ထုံးစံ တိုင်းလို ဖြစ်နေချေပြီ...Seoul ရဲ့ မူလတန်း အလယ်တန်း နှင့် အထက်တန်း ကျောင်းတွေ မှန်သမျှ က March လ တွင် စ ဖွင့် ကြသည်...ကျောင်းတက် တာ တစ်လ ကျော် နေပြီ ဖြစ် သော်လည်း Kim Namjoon ကို တော့ Seok jin မနက်တိုင်း နှိုးရသည်...

Kim Namjoon တစ်ယောက် ထ မလာတာ ကြောင်​့ Seok jin သူ့ လက်မောင်း အား ကိုက်လိုက် မိသည်...

'' အားးး...ဟေ့ကောင် နာတယ်ကွ!  ''

'' အေးး...နာတယ် ဆို ထတော့...ကျောင်းကား လာတော့မှာ..
အမြန် ရေသွားချိုး...''

''အေးးပါ...မင်း တော့..ကျောင်းရောက်မှ တွေ့မယ်...''

Namjoon ပြောပြော ဆိုဆို နှင့် အောက်ထပ် ရေချိုး ခန်း တွေ
ရှိရာ သို့ ဆင်းသွားသည်...Seok jin မှာတော့ ကျန်ခဲ့ သည့် သူ့ရဲ့ အိပ်ရာ ကို သိမ်းပေး နေရ၏...

'' မနက်တိုင်း...ငါ့ကို အလုပ်ပေး တဲ့ကောင်...အိပ်ရာလည်း ခုထိ မသိမ်းတတ်...တကယ်ပါပဲ..ဒီကောင်ကတော့...''

Seok jin နှင့် Namjoon တို့က 5th Grade ကျောင်းသား များဖြစ်သည်...

ကျောင်းကား အဝါရောင်လေးသည် ဂေဟာ ရှိသို့ ထိုးရပ်လာ သည်...ကျောင်းသား များ သည် လည်း ကား ပေါ် တက် ကာ အသီးသီး နေရာ ယူ လိုက်ကြ၏...

Seok jin နှင့် Namjoon က အမြဲတမ်း အတူ ရှိနေ ကြ မို့ နှစ်ယောက်ခုံ တွင် ဘေးချင်းကပ် ထိုင်ကြသည်...

Namjoon အိပ်ရေး မဝ တာ ကြောင့် အိပ်ငိုက်နေမိ၏...
ထို အချိန် တွေ မှာ တော့ Kim Seok Jin တစ်ယောက် Namjoon အတွက် သူ့ ပုခုံး ကို ဌား ရ သည့် အချိန်ပင်...

Namjoon မနက်အိပ်ရာထ နောက်ကျ သည့် အကြောင်းရင်း ကား အခြားမရှိ...စာ လုပ် နေ ရ ၍ ဖြစ်သည်...

Seok jin သည် က စာတော်၏...သို့သော် သူ စာ ကျက် သည့်အချိန်က တခြားသူတွေ လို ည အချိန် မဟုတ်ပါပဲ..မနက် စောစော သာ ဖြစ်သည်..

သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅Where stories live. Discover now