သူသာမြတ်နိုးရာ 💛
နှလုံးသားကနေ ဖြတ်သန်းစီးဆင်းလာပြီး ဦးနှောက် ကိုရောက်ရှိလာတော့ လက်ခံလိုက်ပါတယ်။ နောက်ဆုံးမှာတော့ သူ့
ဦးနှောက်နှင့်နှလုံးသားတို့ဟာတစ်ထပ်တည်းကျသွားခဲ့လေပြီ။လောကကြီးမှာ လိမ်ညာခြင်း ဆိုသည့်အရာဟာ သိပ်ကိုသိမ်မွေ့ပြီး ဓားသွားတစ်ခုကဲ့သို့ အလွန်ထက်သည်။ တစ်ပါးသူကို လိမ်လည်ခြင်း ထက် ကိုယ့်ကိုယ်ကို လိမ်ညာခြင်းဟာ သိပ်ကိုပူလောင်လွန်းသည်မဟုတ်လား။
Seok Jin ကိုယ့်ကိုယ်ကို မလိမ်ချင်တော့ပါ။ သူ Tae ကိုညီ တစ်ယောက်ပိုပြီး ချစ် ဖို့ကြိုစားခဲ့ပါသည်။ ဦးနှောက်က ခိုင်းစေနေပေမယ့် နှလုံးသားဟာ အကြိမ်ကြိမ် Reject လုပ်ခဲ့တယ်။
အချစ်ဆိုသည့် အရာဟာ လုပ်ယူလို့ရသည် အရာမှမဟုတ်ဘဲ။
ဘာလို့ ကိုယ့်ကိုယ်ကို လိမ်ညာနေဦးမှာလဲ။
ညရောက်တော့ မေမေ့ ကို
စကားပြောရန် အခြေအနေအကဲခပ်မိသည်။Taehyung အပေါ်ထပ် တက်သွားမှ TV ကြည့်နေတဲ့ မေမေ့အနားတွင် ကပ်ထိုင်လိုက်သည်။
'' မေမေ....''
'' သား Seok Jin...မအိပ်သေးဘူးလား ''
'' ဟိုလေ......မေမေ....''
'' မေမေ့ကို ပြောစရာများရှိလို့လား ''
မေမေက Seok Jin ဘက်ကို စိုးရိမ်တကြီးလှည့်ကြည့်ရင်း သူမ ကြည့်နေသည့် TV အားပိတ်လိုက်၏။
'' သားတစ်ခုလောက်တောင်းဆိုချင်လို့ပါ....''
'' ထူးထူးဆန်း..ငါ့သားကြီးက တစ်ခါမှတောင်
မပူဆာခဲ့ဖူးတာ..လုပ်ပေးရမှာပေါ့..ပြော...မေမေဘာလုပ်ပေးရမလဲ '''' သား...အဆောင်မှာပြောင်းနေချင်လို့ မေမေ....ဟို သင်္ချာထူးချွန်စာမေးပွဲကလည်းနီးလာပြီဆိုတော့လေ...သား တစ်ယောက်တည်းပြောင်းပြီးနေချင်တာလည်းပါပါတယ် ''
မဝင့်မရဲ ပြောနေသည့် Seok Jin မျက်လုံးလေးတွေက ဝိုင်းစက်နေပြီး အင်္ကျီစလေးကို လက်ဖြင့်ချေနေသေးသည်။
![](https://img.wattpad.com/cover/268700479-288-k551996.jpg)
YOU ARE READING
သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅
FanfictionDandelion တွေကို လေမှုတ်ဆုတောင်း တိုင်းသာ ပြည့်မယ်ဆို မင်း က ငါ့ အပိုင် ဖြစ် လာ ဖို့ ပဲ ငါဆုတောင်းမိမှာ Playlist- Dandelion Start Date- July 8, 2021 End Date - June 4, 2022 Dandelion တွေကို လေမှုတ်ဆုတောင်း တိုင်းသာ ပြည့်မယ်ဆို မင်း က ငါ့ အပိုင် ဖြစ...