12

250 50 6
                                    

သူသာမြတ်နိုးရာ💛

(ဒေါက်) (ဒေါက်) (ဒေါက်)

'' Hyung ကျောင်းသွားဖို့အချိန်နီးနေပြီလေ ''

Hyung ဆီ က ဘာမှပြန်ထူးသံမကြားရတော့
Taehyung စိတ် ထဲ သိပ်မကြည်တော့.....

( ဒုန်း)!

Taehyung စိတ်မရှည်တော့ပဲ အခန်းတံခါးကို ခပ်ဖွဖွ ထု လိုက် ရင်းး....

'' Hyung ~~ မြန်မြန်လုပ်ပါဆို! Minie တစ်ယောက်တည်း
စောင့်နေရလိမ့်မယ် Hyung ရဲ့ ''

သူ အဝတ်အစားလဲ ပြီး ခေါင်းဖြီးနေတုန်း Taehyung က တံခါးလာခေါက်သည်။ ဘာမှပြန်မဖြေချင်တာမို့ Hair Speray ကို သာ ဆက် ဖြန်း နေ လိုက် ၏။

အခန်းတံခါးကို လာထု ရင်း Jimin စောင့်နေရမှာကိုပြောလိုက်တဲ့ Taehyung ကြောင့် Seok Jin ခပ်ရွဲ့ရွဲ့ရီမိသည်။

ဟက် ကျောင်းနောက်ကျမှာထက် Minie စောင့်ရမှာကို ပို ကြောက်နေတာပဲ....အဲ့တာနဲ့များငါ့ကိုချစ်တယ်တဲ့ အရူးလိုကောင်

( ဒုန်း)!

'' Hyung! ''

'' လာပြီလေ တံခါးကို ဘာလို့သေမလိုထုနေတာလဲ! ''

သူ အော်ခေါ်နေတုန်း Jin Hyung က တံခါးကိုဆက်ခနဲ ဖွင့်လာရင်း အော် လိုက် တာ ကြောင့် Taehyung ပိုပြီးစိတ်မကြည်တော့ပေ...

'' Hyung က နောက်ကျနေတာကိုး! ပြန်လည်းမဖြေဘူးလေ ''

'' ငါ က မင်း နဲ့ စကားကိုမပြောချင်တာ ရှင်းပြီလား ''

'' Hyung က ဗျာ...ကလေးလည်း မဟုတ်ဘူး စိတ်ကောက်နေပြန်ပြီ။ ထားပါ...အခုတော့ Minie ကို သွားခေါ်ရအောင် ''

တကယ်ဆို ငါ က စိတ်ဆိုးနေမယ်ဆိုရင်တောင် ပြေရာပြေ ကြောင်း ပြန်တောင်းပန်သင့်တာလေ Kim Taehyung ရဲ့...

Seok Jin စိတ်ထဲမှာသာ တွေးနေမိသည်။

Taehyung တို့ နှစ်ယောက် Jimin အိမ်ကိုရောက်လာတော့ အောက်ထပ်မှာ မရှိတာကြောင့် အပေါ်ထပ်က သူ့ အိပ်ခန်းသို့ တက်လာခဲ့ရာ....

( ဒေါက်)(ဒေါက်) (ဒေါက်)
'' Jiminie Jimine ဟေ့ကောင် ကျောင်းသွားရတော့မယ်လေ ''

'' Jin Hyung နဲ့ Taehyung လား ဝင်ခဲ့လေ ရတယ် ''

Taehyung အခန်းထဲကိုဝင်တော့ အိပ်ရာထဲ မှာ ပဲ ရှိနေသေးတဲ့ Jimin ကြောင့် စိတ်ပူသွားသည်။

သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅Where stories live. Discover now