4

353 61 11
                                    

Unicode

သူသာမြတ်နိုးရာ 💛

'' Seok Jin! ''

Namjoon တံခါးကို ဖွင့် လိုက် ပြီး အခန်း ထဲ Kim Seok Jin ကို အမြန် ရှာမိသည်...

စားကြည့်စားပွဲ ၏ အောက်၌ ကုတ်ကုတ် လေး ထိုင် နေ ပြီး ကြောက်နေရှာ သော Seok Jin....

'' Seok Jin....Seok Jin. .ဟေ့ကောင် သတိထားဉီးလေ! ! ''

'' ဟင်....Namjoon ahh...! ''

Namjoon အား တွေ့လိုက်သည့် Seok Jin သည် စားပွဲ အောက်မှ အမြန် ထွက်ကာ ဝမ်းသာအားရ ဖက် လိုက် သည်...

'' Nam...Namjoon ငါ့ကို...ငါ့ကို ဟို..ဟို အကျီ် အနီ နဲ့...
အကျီ် အနီ နဲ့ မိန်းမကြီး လာ ခေါ်နေပြန်ပြီ....လုပ်..လုပ်ပါဦး...''

'' ဘယ်မှာလဲ Seok Jin...ဟင်...ဘယ်မှာလဲ လို့....''

'' ဟင့်...ရှိတယ်...ခု..ခုနက လေ...မင်း မလာ ခင် တုန်းက...ငါ့ကို ပြန် လာခေါ် နေတာ....''

'' Seok Jin လေး...! '

'' ဆရာမ ယောင်းဂျူ! ''

Namjoon နှင့် Seok Jin စကားပြောနေတုန်း ဆရာမ
ယောင်းဂျူ ဝင်လာသည်...

Seok Jin ကို ပွေ့ဖက်ရင်း ကျော ကို သပ် ပေး ကာ....

'' Jin လေး...ဘာမှမဖြစ်ဘူးနော်...အဆင်ပြေသွားပြီ...သူ မရှိတော့ဘူး သလား...သား ဘာမှ မကြောက် နဲ့ တော့....''

'' ဟုတ်....''

Namjoon တစ်ယောက်မှာတော့ ဘာမှ နားမလည်....
ဘာတွေလဲ...အနီရောင် အကျီ် နဲ့ မိန်းမက ဘယ်သူလဲ..ဘယ် ကနေ ဘယ်လို Seok jin ကို လာ ခေါ်တာလဲ...ဟု သာ တွေးနေမိ၏...

'' ကဲ..သား..ဆေးသောက်ရမယ်နော်...အဖျား မြန်မြန် ပျောက်မှ သား စား ချင်တာ တွေ စား လို့ ရမှာ..နော် Jin လေး...''

'' ဟုတ်...ဆရာမ....''

ဆရာမ က Seok Jin ကို ချီ ပြီး အိပ်ရာ ပေါ် တင်ပေးကာ ထိုင်ခုံ တွင် ဝင် ထိုင်ရင်း  ဆေးတိုက်နေသည်...

သူ ကတော့ ဘေးက နေ သာ ကြောင်ကြည့်ရင်း..ဘာမှ နားမလည်သေး ပေ...

ဆေးသောက်ပြီး ခဏ ကြာ တော့ Seok Jin အိပ် ပျော်သွားသည်

'' Namjoon....သားရော အဆင်ပြေ ရဲ့ လား? ''

'' Nae...ပြေ ပါတယ် ဆရာမ... ဒါ နဲ့...Kim Seok Jin က ဘယ်လို ဖြစ်တာ လဲ ဟင် ဆရာမ ''

သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅Wo Geschichten leben. Entdecke jetzt