သူသာမြတ်နိုးရာ 💛
စိတ်လှုပ်ရှား နေတဲ့အချိန်တွေ၊ ကြောက်ရွံ့နေတဲ့အချိန်တွေမှာ ချစ်မြတ်နိုးရသည့်သူသာ အနားမှာ ရှိနေခဲ့ရင် အရာအားလုံးကိုကျော်ဖြတ်နိုင်သည် တဲ့....။
သင်္ချာထူးချွန် စာမေးပွဲသည် နောက်ဆုံးစာမေးပွဲတမျှ အရေးကြီးသော စိန်ခေါ်မှုကြီးဖြစ်လေသည်။ Seok Jin သည် သိပ် ကို စိတ်လှုပ်ရှားနေခဲ့သည်။
ကျောင်းအင်္ကျီကို သပ်ရပ်စွာဝတ်ကာ Neck tie အား
ခပ်တင်းတင်းဆွဲတင်လိုက်သည်။ပြင်ထားပြီးသော Hair Style အား
သပ်ကာ မှန်ထဲကိုစူးစိုက်ကြည့်လိုက်ရင်း..'' မင်းလုပ်နိုင်တယ်...Kim Seok Jin...မင်းကောင်းကောင်းကြီး ဖြတ်ကျော်နိုင်တယ်...''
သက်ပြင်းတစ်ချက်ရှင်းထုတ်ရင်း လွယ်အိတ်အနက်လေးကို တစ်ဖက်တည်းလွယ်လိုက်ကာ အခန်းအပြင်သို့ထွက်လာခဲ့သည်။
ကွန်ဒိုအောက်ကိုရောက်တော့ Namjoon အား တွေ့လိုက်ရ၏။
ဂျင်းဂျက်ကတ် အပြာရင့်လေးကို တီရှပ်အဖြူ ပေါ်ထပ်ဝတ်ကာ အနက်ရောင် ရှော့ပန်လေးဖြင့်တွဲဝတ်ထားသည်။
ခပ်ပွပွဆံပင်တွေကို လည်း ဖီးလာပုံမရဘဲ
နဖူးပေါ်သို့ဒီအတိုင်းသာ ဝဲကျနေသည်။Kim Namjoon ဟာလေ သိပ်ကိုကြည့်ကောင်းတာပဲ...
'' Namjoon ''
'' စာမေးပွဲသွားဖြေတော့မယ်ပေါ့ ''
'' အခုပဲသွားတော့မလို့ ''
'' ၁၂ နာရီမှ စမှာမလား။ အခုမှ ၁၁နာရီတောင်မထိုးသေးဘူး ''
'' အော..ငါအမှန်တိုင်းပြောရရင်အရမ်းစိတ်လှုပ်ရှားနေတာ "
'' မင်းကတော်ပြီးသားပါ Seok Jin...မင်းဒါကိုလုပ်နိုင်မှာပါ ''
Seok Jin ငယ် ခေါင်းလေးအား
ခပ်ဖွဖွလေးပုတ်ရင်း အားပေးစကားဆိုသည်။'' မင်းရော ဘာလာလုပ်တာလဲ ''
သူပြောလိုက်တော့ Namjoon မျက်နှာကြီးရှုံးမဲ့သွားလေသည်။
Seok Jin တခစ်ခစ်ရယ်ရင်း Namjoon
ရင်ဘတ်ကိုတစ်ဘုတ်ဘုတ်နှင့်ရိုက်သည်။
ВЫ ЧИТАЕТЕ
သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅
ФанфикDandelion တွေကို လေမှုတ်ဆုတောင်း တိုင်းသာ ပြည့်မယ်ဆို မင်း က ငါ့ အပိုင် ဖြစ် လာ ဖို့ ပဲ ငါဆုတောင်းမိမှာ Playlist- Dandelion Start Date- July 8, 2021 End Date - June 4, 2022 Dandelion တွေကို လေမှုတ်ဆုတောင်း တိုင်းသာ ပြည့်မယ်ဆို မင်း က ငါ့ အပိုင် ဖြစ...