8

313 54 22
                                    

Unicode

သူသာမြတ်နိုးရာ 💛

ဆိုးလ် က နေ သူ့ ဇာတိဖြစ်တဲ့ အီဆန်ကို ပြန်ရောက်တော့
တစ်ပတ်လောက် မစားနိုင်၊ မအိပ်နိုင်ပဲ တစ်မှိုင်မှိုင် တစ်ထွေထွေ ဖြစ်နေတယ်။

ဒါကို သတိထားမိတဲ့ အမေဖြစ်သူ က Namjoon အဖေကို တိုင်ပင်ရတော့တယ်။

'' သား ဖြစ်ချင်တဲ့ ဆန္ဒကို အရင်မေးရမယ် မိန်းမ၊ ပြီးမှ
သူ ဖြစ်ချင်တာကို ကိုယ်တို့ ဖြည့်ဆည်း ပေးကြတာပေါ့ ''

'' ဟုတ်ပြီ ကျွန်မတို့အဲ့လိုပဲ လုပ်ကြတာပေါ့ ''

( ဒေါက်) (ဒေါက်)

'' သား မေမေ ဝင်လာမယ်နော် ''

'' ဟုတ်ကဲ့ ''

သူစာလုပ်နေရင်း မေမေ က သူ့အခန်းထဲဝင်လာ၏။

Namjoon ဘေးက ခုံလေးတွင် ဝင်ထိုင်လိုက်ကာ သား ဖြစ်သူကို တစ်ချက်ပြုံးပြသည်။

'' သား...သားကို မေမေ မေးစရာရှိတယ် အမှန်တိုင်းဖြေနော်သား ''

'' ဟုတ်....''

'' ဂေဟာ က ပြန်ရောက်တည်းက တစ်မှိုင်မှိုင် တစ်ထွေထွေ နဲ့၊
ဘာဖြစ်နေတာလဲ သား....မေမေတို့ဘာလုပ်ပေးရမလဲ ''

'' သား အမှန်တိုင်းပဲ ပြောပါ့မယ်...ဂေဟာမှာ ခင် ခဲ့တဲ့ သား သူငယ်ချင်း Seok Jin ကို သားတို့နဲ့ အတူနေဖို့ ခေါ် ချင်တယ် မေမေ ''

Namjoon အမေ လည်း သားကိုကြည်လင်စွာ ပြုံးပြလိုက်သည်။

'' ဒါများသားရယ်...မေမေတို့ကို အစောကြီးထဲကပြောတာမဟုတ်ဘူး...သား က တူတူနေချင်တယ်ဆိုမှတော့ မေမေတို့ကလည်း Seok Jin လေးကို မွေးစားရတော့မှာပေါ့ ''

'' တကယ်လားဟင် မေမေ ''

Namjoon မျက်လုံး လေးတွေ ဖြတ်ကနဲ တောက်ပလာပြီး အမေ ဖြစ်သူ ရင်ခွင်ထဲ ပွေ့ဖက်လိုက်သည်။

'' တကယ်ပြောတာပေါ့ သားရဲ့...''

ငါပြောခဲ့သားပဲ Seok Jin

ငါ မင်းကို ပြန်လာခေါ်ပါ့မယ် လို့....
______________________________________________

Namjoon တို့ မိသားစု သုံးယောက် ခိုးနာရာ ဂေဟာ လေး ကို နောက်တစ်ခေါက် ပြန်လာခဲ့ကြ၏။

သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅Donde viven las historias. Descúbrelo ahora