10

291 56 20
                                    

သူသာမြတ်နိုးရာ 💛

အိမ်ပြန်ရောက်တော့ Taehyung က
Seok Jin ကို အကျိုးအကြောင်းတွေမေးသည်။

'' သူ က Hyung ကို ဘာလုပ်ခိုင်းတာလဲ ''

'' ဘာမှမဟုတ်ပါဘူးကွာ..သူကျောင်းကို
မရောက်ခင်တုန်းက သင်တဲ့စာတွေရေးပေးခိုင်းတာ ''

'' အဲ့ တော့ Hyung က ရေးပေးလိုက်မယ်ပေါ့...''

'' အင်းလေ....သူ က ငါ့သူငယ်ချင်း ပဲ ဟာ ''

'' Hyung က သာ သူ့ကိုသံယောဇဥ် တွေ ရှိနေတာ အဲ့ကောင် Hyung ကို ပြောပုံဆိုပုံတွေ ကျွန်တော်မကြိုက်ပါဘူး သူ့ကိုယ်သူ ဘာထင်နေလဲ မသိဘူး ''

'' ကဲ ပါ Tae ရာ...ရေသွားချိုး ငါတို့ကျူရှင်သွားရဦးမှာလေ ''

'' ဟုတ်သားပဲ..ကျွန်တော် မေ့နေတာ....Hyung Minie ဆီ သွားနှင့်နော်..ကျွန်တော်လိုက်ခဲ့မယ်...Minie အိမ်မှာသူတစ်ယောက်တည်းရယ် Aunty တို့ Uncle တို့က အပြင်သွားကြတယ် ''

'' စိတ်ပူတတ်ရန်ကော Kim Taehyung ရယ်...ငါသိပါတယ်
မင်း ရဲ့ Minie က ကလေးလေး မဟုတ်တော့ပါဘူး ကွာ..''

'' ကျွန်တော့် Minie မဟုတ်ပါဘူးဗျာ Hyung က လည်း ''

အောက်နှုတ်ခမ်းကို ကိုက်ပြီး ခေါင်းငုတ်ရင်း ပြောနေသည့်
Kim Taehyung ပါးလေးတွေပါ နီးမြန်လာ၏။

'' အေးပါ အေးပါ....ငါ က ဒီတိုင်းပြောလိုက်တာပါ ''

Seok Jin တိတ်တိတ်လေး ပြုံးကာ လွယ်အိတ်လွယ်ပြီး အိမ်ဘေးက Minie အိမ်ဆီ ထွက်သွားလိုက်သည်။
__________________________________________

Taehyung ရေချိုးအဝတ်အစားလဲ ပြီး
Minie အိမ်ဘက်ကိုထွက်လာခဲ့သည်။

သူ ခြံထဲရောက်သွားတဲ့ Mine က သူ့စက်ဘီးနား စောင့်ကျောင့် လေး ထိုင်ပြီး နှုတ်ခမ်းလေးက ဆူထွက်နေ၏။

Hyung က လည်း Minie စက်ဘီးကို ဟိုကြည့်ဒီကြည့် နှင့်

'' Tae ! ငါ့ စက်ဘီးကိုပျက်သွားလို့..လုပ်ပါဦး.''

မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး ပြောနေတဲ့ Minie ဟာ အသည်းယားစရာပင်...

'' ကျူရှင်ချိန်တောင်နီးနေပြီ နောက်နေ့မှ စက်ဘီးပြင်ဆိုင်သွားကြရအောင်...''

သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅Where stories live. Discover now