သူသာမြတ်နိုးရာ 💛
Flash Back
Seok Jin အတန်းထဲ ရောက်ရောက်ချင်း Namjoon ကို မတွေ့မိတာမို့ အနည်းငယ်ထူးစမ်းနေမိသည်။ ကျောင်းကိုအစောကြီး ရောက်နေတတ်တဲ့ Namjoon ဟာ ဒီနေ့ကျမှ ဘာလို့နောက်ကျနေတာလဲ ဟု တွေးနေသည်။
*မဟုတ်မှလွဲရော.. မနေ့ညကိစ္စ ပြန်မှတ်မိသွားပြီး ငါ့ကိုများ စိတ်ဆိုး*
'' အားးး...တကယ် ရူးချင်တာပဲ ''
'' ဘာတွေရူးချင်နေတာလဲ Seok Jin.... ''
''အိုမို့! လန့်လိုက်တာ...Kim Namjoon ရယ်...''
Seok Jin မနေ့ညက ကိစ္စ တွေ ပြန်စဥ်းစားနေတာတော့မဟုတ်လောက်ဘူးမလား...သူ ပြန်မှတ်မိနေရင်...shit သေပြီ..
Namjoon မှာ မနေ့ညက ကိစ္စ ကို မှတ်မိ နေပေမယ့် Seok Jin မှတ်မိသည်၊ မမှတ်မိသည်ကို သူသေချာမသိပေ။ မမှတ်မိဖို့သာ ဆုတောင်းနေခဲ့သည်။
Seok Jin သည် လည်း ထိုနည်း၎င်းပင်...
'' ငါ...ငါမင်းကို တစ်ခုမေးစရာရှိတယ် ''
'' အေးး...မေးလေ Seok Jin ''
'' မနေ့ညက.....''
*အိုမို...Seok Jin မှတ်မိနေတာလား*
*Namjoon မ မှတ်မိပါစေနဲ့....Namjoon မ မှတ်မိပါစေနဲ့...*
'' မနေ့ညက ဘာတွေဖြစ်ခဲ့သေးလဲ Namjoon..ဟို..ဟိုကွာ..ငါဆိုလိုချင်တာက ရန်တွေဘာတွေများဖြစ်ခဲ့ကြသေးလား ငါက မူးရင် ဘာမှမမှတ်မိလို့လေ..အဟွန်း ''
'' အာ..ငါလည်း မမှတ်မိဘူး Seok Jin.. ငါလည်း မင်းလိုပဲလေ မူးလာရင် အသိစိတ်လွတ်ပြီး ဘာမှ မ မှတ်မိတော့ဘူး ''
ဟူး...တော်သေးတယ် Seok Jin ဘာမှ မ မှတ်မိလို့
တစ်ပြိုင်တည်း မှာ ပင်...
တော်သေးတယ်...Namjoon ဘာမှ မ မှတ် မိ လို့...
တခါတလေ မှာ ဟန်ဆောင်ခြင်း ဆိုတဲ့
အရာဟာ သိပ်ကိုလှပလွန်းတယ်။Namjoon နဲ့ Seok Jin ဟာ တစ်ယောက်အပေါ် တစ်ယောက်ထား ရှိတဲ့ အချစ်တွေ ထပ်တူညီပါသော်လည်း ထုတ်မပြချင်လောက်အောင် ချစ်ကြသည်။
ရစ်ပတ်ထားသော သူငယ်ချင်း ဆိုသည့် အဖြူရောင် နှောင်ကြိုး လေး ပျက်စီး သွားမှာ မလိုလားကြပေ။
![](https://img.wattpad.com/cover/268700479-288-k551996.jpg)
YOU ARE READING
သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅
FanfictionDandelion တွေကို လေမှုတ်ဆုတောင်း တိုင်းသာ ပြည့်မယ်ဆို မင်း က ငါ့ အပိုင် ဖြစ် လာ ဖို့ ပဲ ငါဆုတောင်းမိမှာ Playlist- Dandelion Start Date- July 8, 2021 End Date - June 4, 2022 Dandelion တွေကို လေမှုတ်ဆုတောင်း တိုင်းသာ ပြည့်မယ်ဆို မင်း က ငါ့ အပိုင် ဖြစ...