5

395 63 21
                                    

Unicode

သူသာမြတ်နိုးရာ 💛

[Warning❗..This episode may be a little scary]

** Twinkle Twinkle Little Star......**

ပဲ့တင့်သံ ကဲ့သို့ အသံ......

နှစ်ခြိုက်စွာ အိပ်ဆက် နေ သည် မှ ထို အသံကြောင့် သူ နိုးလာသည်...

ဘေး ကို ကြည့် မိသော် Kim Namjoon က သူ့အား ကျောပေး ၍ အိပ်ပျော် နေ ၏....

မီးအမှောင် ချ ထား တာ ကြောင့် တစ်ချို့အရာ တွေ အား သူ ကောင်း ကောင်း မမြင်ရပေ...

အိမ်သာ သွားချင် လာတာကြောင့် Namjoon ကို နှိုးရန် စဉ်းစားမိသည်..သို့သော် Namjoon မှာ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် နေတာ ကြောင့် သူ မ နှိုးရက်...

** ဟင်း...မင်း ငါ့ကြောင့်အိပ်ရေးပျက်ရတာများနေပြီပဲ..ငါတစ်ယောက်တည်းပဲ သွားလိုက်ပါ့မယ်လေ....**

ပေါင်ပေါ်က ခြုံထား သည့် စောင် လေး အား ဖယ်လိုက်ရင်း ကုတင် ပေါ် က ဆင်းလိုက်သည်...

ထို့နောက် အောက်ထပ်ကို တစ်ယောက်တည်း ဆင်းလာခဲ့ ၏...

** Twinkle Twinkle Little Starr....**

ဟော...ကြားရပြန်ပြီ...မိန်းမတစ်ယောက် ၏ ဝမ်းနည်း ဖွယ် ကောင်း လှ သည့် အသံ....

သူ အောက်ထပ် ကို ဆင်း လာ သည့် အလျောက် ထို အသံ မှာ သူ နောက် က အဆက်မပြတ် လိုက်လာသည်...

သူ့နောက်ကို တစ်ချက် ပြန် ကြည့် မိ သော်လည်း ဘာဆို ဘာမျှ
မရှိနေ ပေ....

Seok Jin အိမ်သာ သို့ ခပ်သွပ်သွပ် လျှောက်လာသည်....

ကိစ္စ ပြီး ၍ အိမ်သာ အခန်းအပြင် ဘက် သို့ ထွက်ကာ ဘေစင်
တွ င် လက်ဆေး လိုက်၏...

အိမ်သာ မီးချောင်း သည် တစ် ဖြတ် ဖြတ် ခပ်လာရင်း...ပိတ်လိုက် ဖွင့်လိုက် ဖြစ်နေ သည်...

တစ်စုံတစ်ယောက် သည် သူ့ အနား သို့ တိုးလာ နေ သည့် ခံစား ချက်မျိုးကို Seok Jin ခံစားမိနေ၏...

ထိုအချိန်တွင် အခန်း ၏ ထောင့် တစ်နေရာ ၌....

'' Ar. .Arnyii...ကျွန်တော် မလိုက်ဘူး လို့ ပြောပြီးပြီ မလား..''

အနီရောင် ဝတ်စုံ နှင့် အမျိုးသမီးသည် သူ့အား လက် ယက် ပြီး ခေါ်နေ ၏....
ထိုအမျိုးသမီး ၏ ခေါင်း တွင် သွေးတစ်ချို့ ပေ နေ ပြီး ဆံပင်များ က ရှုပ်ပွနေသည်...ခြေထောက်များ မှာ လည်း ပျောက်ကွယ်နေသည်...

သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅Où les histoires vivent. Découvrez maintenant