1

755 79 14
                                    

Unicode

သူသာမြတ်နိုးရာ💛

နွေဦးမှာ လေရူးတစ်သုန်သုန် နှင့် မေပယ် ရွက်ဝါ ကြွေတွေ တစ်လွှင့်လွှင့် ကြွေနေသည်...မေပယ် ပင်ကြီးဟာ သိပ်ကို ကြီးမားပြီး တင့်တယ်လှ၏...သစ်ကိုင်းများမှာလည်း ခိုင်ခံ့သည်...ထို့ကြောင့် သစ်ကိုင်းကို ကြိုးနှင့်ချည်နှောင်၍ ပြု လုပ်ထားသော ကြိုး ဒန်းလေး သည် ကလေးတွေ အကြိုက်ပင်....

မေပယ်ရွက်ဝါ ကြွေတွေ ကြား ဒန်းစီးနေသော ကောင်လေး တစ်ယောက်...အသက်အရွယ်မျှ ၁၀ နှစ် လောက်သာ ရှိသေးသည်..

ခိုနားရာ မိဘမဲ့ဂေဟာ....

သူ ဒန်းစီး နေတုန်း ဂေဟာ ​ေရှ့သို့ ကားတစ်စီး လာရပ်သည်...
ထို့နောက် ကားပေါ်မှ ခပ်သန့်သန့် ကောင်လေးတစ်ယောက် အဒေါ်ကြီးတစ်ယောက်နှင့် ဉီလေးကြီးတစ်ယောက် ဆင်းလာကြသည်...ထိုကောင်လေး ပုံစံက ဝမ်းနည်းပြီး အလိုမကျ ပုံ ပေါက်သည်...

ထို့နောက်ဂေဟာ အတွင်းသို့ဝင်သွားကြသည်...

ထိုကောင်လေးကို ဒန်းစီးနေသော ကောင်လေး က သေချာလိုက်ကြည့်မိသည်...သူ နှင့် ရွယ်တူလောက် နီးပါး ပင်...

**ဂေဟာကို လူသစ်ရောက်လာတာ လားမသိဘူး **

ထိုကောင်လေးလည်း စပ်စုချင်တာ နဲ့ ဂေဟာ ပိုင်ရှင် Mrs.Jung hayko ရုံးခန်း နား သို့ သွားလိုက်၏...

'' ကလေးကို စိတ်ချပါ..ကျွန်မတို့ သေချာဂရုစိုက်မှာပါ ''

'' ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ် အမကြီးရယ်..ကျွန်မ တို့က စီးပွားရေး အခြေအနေ မကောင်းသေးတော့ သားလေးကို ဒီမှာလာထားရတာပါ...စီးပွားရေး အခြေအနေတွေ ပြန်ကောင်းတာ နဲ့ သားကို ကျွန်မတို့ ပြန်လာခေါ်ပါ့မယ် ''

'' ရပါတယ် ညီမလေး Kim ရယ်...အကိုကြီး Kim လည်း စိတ်ချပါနော်...''

'' ဟုတ်ကဲ့ ကျွန်တော်တို့ ဒီက ညီမ hayko ဆီ သားလေးကို အပ်ခဲ့ပါတယ်ခင်ဗျ...''

'' Omma Appa .. သား ဒီမှာ မနေချင်ဘူး..သား omma တို့နဲ့ပဲ နေချင်တယ်..သားကို မထားခဲ့ပါနဲ့...နော်..နော် ''

'' သားရယ်..Omma တို့က စီးပွားရှာဖို့ ခရီးတွေ အများကြီးထွက်ရမှာသားရဲ့...အဲ့ ကျ သား က လိုက်နိုင်မှာ မဟုတ်ဘူး..အရမ်းပင်ပန်းတာ..သားလေးက လိမ္မာ ပါတယ်..omma တို့ မကြာခင် သားကို ပြန်လာခေါ်မှာ...နော်..သား..''

သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅Donde viven las historias. Descúbrelo ahora