14 (Part-2)

229 38 12
                                    

သူသာမြတ်နိုးရာ 💛

အရေးပေါ်ဌာန။

Jimin အား Operation အခန်းထဲသို့ ခေါ်ဆောင်လာခဲ့ကြသည်။Kim Taehyung မှာ Jimin မျက်နှာကို သာ စိုးရိမ်ကြီးစွာ ကြည့်နေခဲ့သည်။

'' Minie...ဘာမှမဖြစ်ဘူး အဆင်ပြေသွားမှာမို့...ခဏလေးပဲ သည်းခံနော်.. ငါ မင်းအနားမှာရှိနေတယ် ''

အဲ့လိုပြောတော့ Jimin မျက်လုံးလေးပွင့်လာပြီး ခပ်ရေးရေးလေးပြုံးပြလာသည်။

Jimin အား Operation အခန်းထဲခေါ်သွားကြပြီး Taehyung က တော့ စိတ်တပူပူနှင့် တစ်ယောက်တည်းဖြစ်နေခဲ့သည်။

***

" Namjoon ahh...Jiminie အူအတက်ပေါ်လို့တဲ့..ငါလိုက်သွားမှဖြစ်မယ်...''

Seok Jin က အင်္ကျီလဲ ဖို့ သူ့ Locker ဆီကို အပြေးတပိုင်းလမ်းလျှောက်လာရင်း ပြောသည်။

'​'နောက်ဆုံးချိန် ရှိသေးတယ်လေ... Seok Jin ''

'' မဖြစ်ဘူး...ဟိုမှာ Taehyung က တစ်ယောက်တည်းရယ်...
ငါစိတ်မချဘူး ''

'' Taehyung ကို လား...''

'' အေးပေါ့...နှစ်ယောက်လုံးက ငါ့ညီလေးတွေလေ..ငါစိတ်မချဘူး

'' ဒီနေ့ ဘာလို့ Taehyung တို့ နဲ့ သွားကစားတာလဲ..မင်း ကို ငါနဲ့ တူတူ ဆော့ဖို့ပြောထားတယ်မလား ''

Namjoon စကားကိုကြားလိုက်တော့ Seok Jin အနည်းငယ် စိတ်ရှုပ်မိတာအမှန်။

စကားကိုအချိန်အခါမကြည့်ဘဲပြောတတ်တာ ငယ်ငယ်တည်းက

( ဒုန်း)

Seok Jin က Locker တံခါးကိုအားဖြင့် ဆော့ပိတ်လိုက်သည်။

ခပ်နုနုမျက်ခွံတွေပေါ်က မျက်ခုံးရှည်ရှည်လေး တွေ လည်း အနည်းငယ်တွန့်ချိတ်သွားသည်။

'' (ကျစ်) Kim Namjoon...ဒီချိန်မှာ ဒါတွေပြောဖို့အချိန်မရှိဘူး...မင်း က လေ အချိန်အခါကိုမကြည့်ဘူး...မင်းပြောချင်တာပဲ
မင်းသိတယ် အဲ့လောက်ထိ ကလေးဆန်တာ မဖြစ်သင့်တော့ဘူးနော်...တော်ပြီကွာ..ငါ အင်္ကျီ သွား လဲ တော့ မယ် ''

ပြောပြောဆိုဆိုနှင့် အရှေ့နားက
တစ်ယောက်ခန်း toilet ထဲ ဝင်သွားလိုက်သည်။

အလျင်လိုနေတာကြောင့် အားကစား အင်္ကျီ ချွတ်ပြီးခါမှ Lock ချဖို့သတိရသည်။တံခါး Lock ချဖို့ ပြန်အလှည့်မှာ တံခါးက ပွင့်လာကာ...

သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅Место, где живут истории. Откройте их для себя