19

227 48 9
                                    

သူသာမြတ်နိုးရာ 💛

မြတ်နိုးရတဲ့ Seok Jin ရယ်....

မိုးရေတွေ က မင်း နှစ်သက်တဲ့ Dandelion ပန်း တွေ ၊
မိုးခြိမ်းသံတွေ က မင်းသဘောကျတဲ့တယောသံတွေသာဆို
သိပ်ကောင်းမှာပဲ....။

Basketball Trainee လေးရက်မြောက်နေ့ဖြစ်သည်။

စနေနေ့ဖြစ်သည့်အတွက်ကြောင့်
ကျောင်းတက်သည့်သူတွေရှိမနေပါ။

'' ပင်ပန်းလိုက်တာ Seok Jin ရယ်....''

'' အပြန်ကျရင် Naeng Myun
ဝင်စားကြမယ်လေ။ ငါဝယ်ကျွေးမယ် ''

'' တကယ်....''

'' တကယ်ပေါ့။ ဒါပေမယ့် ငါကဒီနေ့စက်ဘီးမပါလာတော့....''

'' ငါ့စက်ဘီးနဲ့သွားကြမယ်လေ....''

Seok Jin မျက်လုံးတစ်ဖက်ကို မှိတ်ပြလိုက်ပြီး 'Ok' Sign လေးပြလိုက်တော့ Namjoon အသည်းယားလာပြီး Seok Jin ဆံပင်လေးတွေကို ဆွဲဖွပစ်လိုက်သည်။

ဖွ ပစ်လိုက်တာမှ တော်တော်ကြမ်းကြမ်း... :)

'' ဟာ....ဟေ့ကောင်...ဘာလုပ်တာလဲကွ။!
ဒီကေရဖို့ မနက်အစောကြီး ထ ပြီး လုပ်ထားရတာ...$%#&''

နှုတ်ခမ်း တစူစူဖြင့် Rap ရွတ်သလို တရက်စပ်ပြောသွားသည့်
Seok Jin ကို ကြည့်ရင်း သူ ပါ မောလာသည်။

'' ငါမှားပါတယ် Kim Seok Jin ရယ်...
တော်ပါတော့ နားတွေလည်းပူလှပါပြီ။ ''

'' မင်းကိုပြောရတာတကယ်မောတယ်သိလား။ ပေးစမ်း ...ရေ ''

'' ဒီမှာပါ ခင်ဗျာ....''

သူ့ကို မျက်စောင်းတစ်ချက် ထိုးပြီး ရေဗူးကိုဆွဲယူသွားသည်။

မင်းကဒီလိုကျပြန်တော့ ချစ်ဖို့ကောင်းနေပြန်ရော....(●’◡’●)ノ

________________________________

ဒီနေ့ ရဲ့ ကောင်းကင်ကြီးဟာ ပြာနုနုအရောင်ရှိပြီး
တိမ်တွေဟာလည်းသိပ်လှတယ်။

Trainee ပြီးတော့ နှစ်ယောက်သား ဆိုင်ကို သွားကြလေသည်။ Namjoon က သူ့  စက်ဘီးအဝါလေးကို နင်းကာ အနောက်က Seok Jin က ကားယားခွထိုင်လိုက်လာသည်။

လေပြည်တွေ တလွင်လွင့်တိုက်ခတ်လာရင်း စက်ဘီးအဝါလေးဟာလည်း ဖြည်းဖြည်းချင်းရွေ့လျားနေလေသည်။

သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅Onde histórias criam vida. Descubra agora