18

205 43 22
                                    

သူသာမြတ်နိုးရာ 💛

နူးညံခြင်းမမည်သော လေညင်းတို့ဟာ
တဝုန်းဝုန်းတိုက်ခတ်လာသည်။

Namjoon စာလုပ်နေရင်း တိုက်ခတ်လာသည့် လေကြမ်းတွေကြောင့် စားပွဲခုံအရှေ့ကပြတင်းပေါက်ကို ထ ပိတ်လိုက်သည်။

ကောင်းကင်ကိုမော့ကြည့်မိလေတော့ ညို့ညို့မှိုင်းမှိုင်း တိမ်တွေဟာ တရွေ့ရွေ့သွားနေသည်။

'' မိုးရွာတော့မယ့်ပုံပဲ ''

Namjoon အခန်းအပူချိန်ကို
နည်းနည်းလေးတိုးလိုက်ကာ စာဆက်လုပ်နေသည်။

မကြာပါ။ မိုးတွေ သည်းသည်းမည်းမည်းရွာချလာပြီး

မြေသင်းနံ့ တွေ လည်း အတော်လေး မွှေးလာသည်။

( ဂျိန်းးးးး)
'' ဟင့်အင်း...ဟင့်အင်း...ကျွန်တော်မလိုက်ဘူး !! ဟင့်အင်းး..
မလိုက်ဘူး...!! ''

အတိတ် က အသံတချို့ကို ပြန်လည်ကြားယောင်လာသည်။

Namjoon မျက်လုံးတွေပိတ်လိုက်တော့
အတိတ်က ပုံရိပ်တချို့ ထင်ဟပ်လာတော့သည်။

ထိုပုံရိပ်တွေဟာ Seok Jin သူ့ကို
ပြေးဖက်လာသည့်ပုံရိပ်များပင်။

Seok Jin ရဲ့ ကြောက်လန့်တကြားအော်သံတွေ.....

'' Seok Jin! ''

Namjoon အတိတ်ကအကြောင်းအရာ
တစ်ခုကိုပြန်မှတ်မိသွားသည်။

Seok Jin ဟာ မိုးခြိမ်းသံ နှင့် လျှပ်စီးတွေကို
အကြောက်လွန်သည့် စိတ်ရောဂါမျိုးရှိခဲ့သည်။

ငါရူးတော့မှာပဲ Seok Jin ရယ်....

မင်းကို စိတ်ပူရလွန်းလို့ရူးတော့မယ်

ထီးအဝါလေးကိုဆောင်းကာ
Seok Jin တို့အိမ်ဘက်သို့အမြန်ဆုံးထွက်လာခဲ့သည်။

အိမ်ရှေ့ရောက်တော့ Jimin က
Taehyung ကိုကျောပိုးပြီးအိမ်ပြန်အလာ...

'' Jimin ahh....Seok Jin ရော...Seok Jin အိမ်မှာရှိလား ''

'' ဗျာ.. Hyung အမေပြောတာတော့ Yongson ဘက်က ကွန်ဒို တိုက်ခန်းကိုပြောင်းသွားတာတဲ့ ''

'' ဘာလို့လဲ ''

'' ထူးချွန်စာမေးပွဲအတွက်တဲ့ Hyung....
ကျွန်တော့်ကိုသွားခွင့်ပြုပါဦး...Taehyung မိုးမိလာလို့ ''

သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅Unde poveștirile trăiesc. Descoperă acum