21

207 44 23
                                    

သူသာမြတ်နိုးရာ 💛

ထိုနေ့ကဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တွေနောက်ပိုင်း
တစ်ယောက်နှင့်တစ်ယောက် သိပ်စကားမပြောဖြစ်တော့ပေ။

အတူတူဘေးချပ်ကပ်ရပ်ထိုင်နေသော်လည်း
တစ်ယောက် ကို တစ်ယောက်ခိုးကြည့်နေတတ်သည်။

Break Time ဆင်းချိန်လည်း
တစ်ယောက်ဆီသာသွားကြတော့သည်။

ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်မိကြတော့လည်း အဖြေဟာ တိတိကျကျထွက်မလာခဲ့ပါ။ အမှန်တိုင်းဝန်ခံကြရမယ်ဆိုပါက ထိုနေ့က အနမ်းတွေနှင့် ကြုံရပြီးနောက်ပိုင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ရမှာကို မဝံ့မရဲဖြစ်နေကြသည်။

အနမ်းတွေဖန်ဆင်းခဲ့စဥ်က ရင်ခုန်သံချင်း
ထပ်တူကျနေမလား ဟု တွေးမိခဲ့ကြသည်။

*****

Trainee နောက်ဆုံးရက်သို့ရောက်ရှိလာခဲ့၏။။

Namjoon ရော၊ Seok Jin ပါ ကျောင်းပေါင်းစုံ
Basketball ပြိုင်ပွဲအတွက် ရွယ်ချယ်ခြင်းခံခဲ့ရသည်။

ထို့ကြောင့် သန်ဘက်ခါယှဥ်ပြိုင်မည့် ကျောင်းပေါင်းစုံ Basketball ပြိုင်ပွဲသည် မိမိတို့ကျောင်းဂုဏ်ဆောင်နိုင်ရန် ကြီးမားသော စိန်ခေါ်မှုကြီးတစ်ခုဖြစ်လေသည်။

Namjoon ဆုံးဖြတ်ချက်တစ်ခုအား ပြတ်ပြတ်သားသားချလိုက်သည်။ ဒီပုံတိုင်းသာ ဆက်သွားနေမည်ဆိုရင် သူနှင့် Seok Jin တဖြည်းဖြည်း သွေးအေးသွားကြလိမ့်မည်။

မျက်နှာချင်းဆိုင်ဖြေရှင်းချက် က သာ 
အကောင်းဆုံးဟု ယူဆမိသည်။

Trainee ပြီးတော့ သူ Seok Jin အနောက်သို့လိုက်သွားသည်။

Locker ဖွင့်ပြီး ကျောင်းအင်္ကျီပြန်ယူဖို့လုပ်နေသည့် Seok Jin အား ပခုံးနှစ်ဖက်ကိုကိုင်ရင်း Locker တံခါးတွင်
ဆွဲ ကပ်လိုက်သည်။

'' Kim Seok Jin ''

ရုတ်တရက် ရောက်ချလာသည့် Namjoon ကြောင့်် Seok Jin တော်တော်လေးတော့ လန့်သွားသည်။

'' လန့်လိုက်တာ Kim Namjoon ရယ်...ဘာပြောမလို့လဲ ''

'' မင်းငါ့ကိုရှောင်နေတာလား ''

သူမေး လိုက်တော့ မလုံမလဲဖြစ်ပြီး မျက်နှာလေးငုံ့သွားသည်။

သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅Nơi câu chuyện tồn tại. Hãy khám phá bây giờ