17

211 46 19
                                    

သူသာမြတ်နိုးရာ 💛

'' Jimin!''

'' Taehyung ahh....''

Seok Jin လည်း Taehyung နောက်ကိုလိုက်သွားမိတော့ Jiminie နှင့် အတူ Namjoon လည်းရှိနေသည်။

**Jiminie နဲ့ Namjoon ကဘယ်တုန်းက
အခုလောက်ထိခင်သွားတာလဲ...**

'' Jimin....မင်း...ကျစ်...''

Taehyung ရဲ့ အခုပုံစံ ဟာ ချိန်ကိုက်ဗုံးတစ်လုံးလို
ဘယ်အချိန် ထ ပေါက်ကွဲမည်မသိနိုင်။

Jimin မှာ Taehyung ကို
ကြောက်ကြောက်လန့်လန့် ပြန်ကြည့်နေသည်။

'' မင်းငါနဲ့လိုက်ခဲ့! !''

Taehyung က သူ့လက်ကောက်ဝတ်အား တင်းနေအောင် ဆုပ်ကိုင်လာပြီး ဆွဲခေါ်သွားသည်။

ကျန်ခဲ့တဲ့သူတွေမှာတော့ Namjoon နှင့် Seok Jin သာ....

Seok Jin က Namjoon ကို
တစ်ချက်ကြည့်ပြီး လှည့်ထွက်သွားသည်။

'' Seok Jin ခဏ...''

Namjoon ဟာ Seok Jin လက်ဖဝါးကို
နူးညံ့စွာ ဆုပ်ကိုင်လာသည်။

'' ဘာပြောစရာရှိလို့လဲ Namjoon ''

'' ခဏထိုင်ဦး....''

သူ Namjoon နှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်ကာ...

'' မင်းဘာလို့........... Kim Taehyung နဲ့ တွဲလိုက်တာလဲ ''

ဒီ မေးခွန်းကို သူ လုံးဝမဖြေချင်ပါ...

အထူးသဖြင့် သူ သိပ်ချစ်ရသည့် Namjoon...

'' ဘာလို့မေးတာလဲ ''

'' ဒီလိုပဲမေးကြည့်တာ...ငါကမင်းရဲ့...အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး ဒီ ကိစ္စကိုဘာမှမသိလိုက်ရဘူးလေ ''

'' မင်းဆိုရင်ရော ရည်းစားထားရင် ငါ့ကိုပြောမလား....''

'' ဘာကိုဆိုလိုချင်တာလဲ Seok Jin ''

'' ဘာမှမဟုတ်တော့ပါဘူး....''

Namjoon သိပါသည်။ Seok Jin ဟာ သူနှင့် Milly ကို ချစ်သူရည်းစားတွေလို့ ထင်မြင်သွားသည်ကို....

သို့ပေမယ့် သူ့ဘက်က အတင်းလိုက်ရှင်းပြနေလို့လည်း မရသေး

သူနဲ့ Seok Jin ဟာ သူငယ်ချင်းအဆင့်မှာပဲမဟုတ်လား

'' ငါ့ကိုမေးစရာရှိတာပွင့်ပွင့်လင်းလင်းမေးလို့ရတယ်နော် ''

သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅Where stories live. Discover now