16 (Part-2)

207 47 36
                                    

သူသာမြတ်နိုးရာ 💛

'' Seok Jin ရောက်တာနဲ့ နင် ဖွင့်ပြောလိုက်တော့ Namjoon ''

'' အေးးပါ....''

'' အေးပါလုပ်မနေနဲ့။ ငါလေမနေ့ညက ကိစ္စကိုတော်တော်အသည်းယားတယ်။ Power off ရတဲ့အထိဖုန်းကိုဘယ်လိုတွေသုံးနေတာလဲဟယ် ''

'' ငါအားသွင်းပါသေးတယ်..ခလုတ်ပိတ်ဖို့မေ့သွားတာ ''

'' အေး..ငါလည်းမပြောချင်တော့ပါဘူး Kim Namjoon ရယ် ''

Milly က မလွယ်ဘူးဟူသည့်သဘောနှင့် ခေါင်းတခါခါ...

'' Kim Namjoon!...''

'' အေး..ဘာလဲ ''

ဖုန်းကိုကြည့်ရင်း အလန့်တကြား ထ အော် လာ သည့် Milly....

'' ဟဲ့..အခုပဲ Min Jung Message ပို့တယ်။ Seok Jin ကျောင်းခေါင်းမိုးပေါ်တက်သွားတယ်တဲ့.. သွားတော့...နင်လိုက်သွား..တစ်ခါတည်းသာဖွင့်ပြောလိုက်တော့ သူငယ်ချင်း ''

'' ဖြစ်ပါ့မလား...Milly ''

''အခွင့်အရေး ဆိုတာနှစ်ခါမရဘူး Kim Namjoon ရဲ့။
မြန်မြန်သွားစမ်းပါ။ ''

Namjoon လည်း ခေါင်းမိုးထပ်ကို ပြေးထွက်သွားလေသည်။

သို့ပေမယ့်.......

ခေါင်းမိုးထပ်က အတူတူတွဲဆင်းလာသည့် Kim Seok Jin နှင့် Kim Taehyung....

Taehyung က Seok Jin လက်တစ်ဖက်ကိုဆုပ်ကိုင်ထားသည်။

Namjoon ရဲ့ ခြေလှမ်းတွေဟာ သူ့အလိုလိုရပ်တန့်သွားပြီး Seok Jin နှင့် Taehyung ကိုသာကြောင်ကြည့်နေမိသည်။

မဖြစ်ရဘူး....

မဟုတ်ဘူးမလား

မဟုတ်ဘူးမလား Seok Jin ရယ်...

Taehyung Namjoon ကို မြင်လိုက်ရတော့ အနိုင်ရသူပမာ မဲ့ပြုံး တစ်ခုကို မရည်ရွယ်ဘဲ ပြုံးမိလိုက်၏။

'' အော...Kim Namjoon...တွေ့တာနဲ့အတော်ပဲ ''

''..............''

'' ငါ တို့နှစ်ယောက်....''

''...........''

'' ချစ် သူ တွေ ဖြစ် သွား ပြီ ''

စကားကိုတစ်လုံးချင်းပီပီသသပြောလာတဲ့ Kim Taehyung..

ထိုစကားတစ်လုံးချင်းဆီတိုင်း ဟာ နှလုံးသားကို
ထိုးနှပ်လာသည့် ဓားချက်တွေပမာ...

သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅Wo Geschichten leben. Entdecke jetzt