13

294 52 24
                                    

သူသာမြတ်နိုးရာ 💛

11:11 PM

တိတ်ဆိတ်ငြိမ်သက် သော လူနေ ပတ်ဝန်းကျင်၌ ပုစဥ်းအော်သံတွေဟာ ထင်ရှားလျက်။

( တောင်) !

စာကျက်နေရင်း သူ့ ဖုန်းထဲကို Message တစ်စောင်ဝင်လာသည်။ " Joon '' ဆို တဲ့ Contact Name လေး။

Seok Jin သူ့ Message ကို ဖတ်ကြည့်လိုက်သည်။

* အိပ်နေပြီလား ....*

* ဒါမှမဟုတ်စာကျက်နေတာလား *

ဒီအချိန် သူ မအိပ်သေးဘဲ စာကျက်နေတတ်သည်ကို Namjoon ကောင်းကောင်းသိသည်။

* စာကျက်နေတာ။ ဒါနဲ့ မင်း... ဘာကိစ္စရှိလို့လဲ *

* ငါ အခု Vera  Club မှာ။ မင်း အခု လာခဲ့လို့ရမလား *

* မဟုတ်ဘူး။ လာခဲ့လို့ပြောတာ ဒါပဲ ။ မင်းနဲ့ ငါ သဘောတူထားတဲ့ ထဲ မှာ ဒါလည်းပါတယ်။ *

* ငါ အဲ့Clubကို တခါမှ မရောက်ဖူးဘူး Namjoon  **

* မင်း Taxi ငှားလာခဲ့ ငါထွက်စောင့်နေမှာမို့။ **

* ပြီးရောလေ... ငါ အခြေအနေကြည့်လာခဲ့မယ် *

'' ဟူးးး ''

မသွားပြန်ရင်လည်း သဘောတူထားတဲ့ ကိစ္စ ကို ပျက်စီးသွားမှာလည်း ကြောက်သည်။

ချစ်သူတွေ ထိ မမျှော်လင့်ထားခဲ့တာမို့ အချစ်ဆုံးသူငယ်ချင်း အဖြစ်နဲ့ တော့ မင်းအနားမှာရှိချင်တယ်။

ဒါ ကို အတ္တကြီး တယ် လို့ ခေါ်တာလား။

မသိတော့ဘူး။

ငါသိတာ မင်းနဲ့အတူရှိနေရရင် ငါ ပျော်တယ်။

မင်း ပြုံးနေတာ မြင်ရရင် ငါပျော်တယ်။

မင်းကို ချစ်နေရရင် ကို ငါပျော်တယ် Kim Namjoon။
________________________________________________

Shirt အနက်ပေါ်ကို နို့နှစ်ရောင် Hoodie လေး ထပ်ကာ အနက်ရောင် Short Pan ဘောင်းဘီ ဖြင့်တွဲဝတ်လိုက်သည်။

Mask တပ်၊ Hoodie ဦးထုပ်ဆောင်းကာ အ်ိမ်ထဲကအခြေအနေကို တစ်ချက်ကြည့်လိုက်သည်။ မီး မှိန်မှိန် တချို့သာ ဖွင့်ထားရင်း တအိမ်သားလုံး ကိုယ်စီ အိပ်ခန်းထဲရောက်နေပြီဖြစ်၏။

သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅Opowieści tętniące życiem. Odkryj je teraz