19 (Part-2)

205 41 5
                                    

သူသာမြတ်နိုးရာ 💛

'' Taehyung Ahh ~~''

ခပ်ချွဲချွဲအသံလေးဖြင့် သူ့ကိုလာခေါ်နေတဲ့ Jiminie ကြောင့် မျက်ခုံးခပ်လှုပ်လှုပ်ပင်....။ ထို အသံမျိုးဆို သူ တစ်ခုခုပူဆာ
ချင် လို့ပင်ဖြစ်သည်။

ဘာတွေများပူဆာဦးမှာလဲ...

'' ဘာလဲကွာ...ငါဒီမှာ Physics ပုံဆွဲလေ့ကျင့်နေတယ် ''

'' ဟွန့်...မင်းကလည်း....''

'' ကဲ...ပြော...ဘာပူဆာမလို့ပါလဲ ကိုယ်တော်ချောလေး ''

'' ဟီးဟီးဟီး....''

သူ မျက်ခုံးပင့်ပြပြီး မေးလိုက်တော့ က်ိုယ်တော်ချောလေးက
သွားကြီးစိပြီး ရီပြလာသည်။ Taehyung ခပ်လန့်လန့်ပင်...။

ဘာတွေများပူဆာမလို့ အဲ့လောက်ချွဲနေရတာပါလိမ့်...

'' ငါတို့...Date ရအောင် ''

'' ဟမ်....''

Taehyung ရင်တွေခုန်လာပြန်သည်။ Date ဆိုတဲ့စကားလုံးလေးက ဘာလို့များ အဲ့သည်လောက်အထိရင်ဖိုစေမှန်း Taehyung ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်မိသည်။

အင်း...

ငါ မင်းကို သဘောကျမိနေပြီထင်ပါတယ် Minie ရယ်...

'' အဟမ်း...လျှောက်လည်ကြမယ်ပြောတာ တီအိတ်ချ်ဗီ ရဲ့ ''

Thv ဆိုသည်မှာကတော့ Taehyung
ရဲ့ IG Acc Name ဖြစ်သည်။

'' မသွားချင်ပါဘူး...။ စာမေးပွဲနီးနေပြီ...စာပဲကျက် ''

Taehyung က သူ့ဆီကမျက်နှာလွှဲပြီး
စာတွေချည်းဆက်လုပ်နေတော့သည်။

'' အဲ့လိုပြောရအောင် မင်းကငါ့အဖေလား..
ဟမ်...Kim Taehyung ''

'' မင်း ရဲ့ ကောင်လေး....''

Jimin ရင်ထဲ ထိတ်ကနဲ.....။

Taehyung အခုပြောလိုက်သည့် စကားက နောက်သည်ဖြစ်စေ၊ စ သည် ဖြစ်စေ၊ သူ့အတွက်တော့သိပ်ကြည်နူးဖို့ကောင်းပါသည်။

ပိုပြီးလည်း ယုံကြည်မှုရှိလာသည်။

Taehyung ကို အပြင် သို့ ပ ထုတ်နေရသည့်အကြောင်းကလည်း ရှင်းပါသည်။သူ Taehyung ကို သဘောကျကြောင်းဖွင့်ဟဝန်ခံတော့မည်။

သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅Nơi câu chuyện tồn tại. Hãy khám phá bây giờ