11

328 57 6
                                    

သူသာမြတ်နိုးရာ 💛

7 PM

'' Seok Jin...Seok Jin ရောက်ပြီ ထ တော့ ''

Seok Jin သီချင်းနားထောင်ရင်း မှေးကနဲ အိပ်ပျော်သွားခဲ့သည်။

'' အွန်း...ငါတို့ဘယ်ရောက်နေတာလဲ Namjoon ''

လက်သီးဆုပ်လေးတွေ နဲ့ မျက်လုံးကို အသားကုန် ပွတ် နေသော Seok Jin ဟာ အိပ်ချင်မူးတူးလေး ဖြစ်နေသည်။

'' ကျစ်...ဘာလို့အဲ့လောက်ပွတ်နေတာလဲ ကန်းချင်နေတာလား ''

မျက်လုံးကို အသကုန်ပွတ်နေတဲ့ Seok Jin ကို Namjoon
မ နေ သာ လို့ ဆူ လိုက်မိသေးသည်။

'' မင်း က လည်း....''

မျက်စောင်းထိုးသွားတဲ့ Seok Jin ကို ၁ မိနစ် လောက် စိုက်ကြည့်ပြီး ကြိတ် အသဲယား နေသူ က တော့ Kim Namjoon ပင်....

Kim Seok Jin မင်း ဟာ လေ
တကယ် ကလေးစိတ်ကို မပျောက်နိုင်သေးဘူး

'' ဆင်းတော့....Concert က စ တော့မယ် ''

'' ဟမ်...Concert ဟုတ်လား...ဘယ်သူ့ Concert လဲ ''

စိတ်လှုပ်ရှား ပြီး ကားပေါ်က အမြန်ဆင်းလိုက်ရင်း အပြင်ကို ထွက်ကြည့်လိုက်တော့ PK ရဲ့ ပုံတွေ....

'' Omo...Omo...PK....? ''

'' ဟုတ်တယ် လာ သွားရအောင် ''

Kim Seok Jinအပျော်လွန် ပြီးNamjoon ကို ပြေးဖက်လိုက်၏

ရုတ်တရက်ဆိုတော့ Namjoon လည်း နဲနဲတော့ ကြောင် သွားသည်။ သို့ပေမယ့် သူ Seok Jin ကို ပြန်ပြီး မပွေ့ဖက် ဖြစ် လိုက် ပါ။

ထိန်းချုပ်ထားရတဲ့ ရင်ခုန်သံတွေကို မင်း ကြားရဲ့လား...

'' Namjoon..မင်းက ငါ PK ကို ကြိုက်တာသိတာလား''

'' မင်း ကြိုက်တာ ငါ က ဘာကိစ္စ သိရမှာလဲ...ငါ လည်း PK ကို ကြိုက်လို့ မင်းကို အဖော်ခေါ်လာရုံ သက်သက် ပဲ ''

Kim Namjoon Seok Jin ကို အကြည့်လွှဲလိုက်ရင်း
ခပ်တည်တည် မျက်နှာထား ဖြင့် ပြောသည်။

'' ငါ ဒီတစ်ခေါက် PK Concert ကိုမကြည့်ရတော့ဘူးထင်နေတာ
လက်မှတ်ဝယ်ဖို့ မ မှီ လိုက်ဘူးလေ ''

'' မင်း စကားများနေတာနဲ့ နောက်ကျတော့မယ်..သွားမယ် လာ ''

Concert စ တော့ လူတော်တော်များများ ရောက်လာကြပြီဖြစ်၏

သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅Onde histórias criam vida. Descubra agora