15

249 48 30
                                    

သူသာမြတ်နိုးရာ 💛

တစ်လပြည့်ခဲ့ပြီ။

ဒီနေ့ Namjoon နှင့် Seok Jin တို့ သဘောတူခဲ့တဲ့ကိစ္စဟာ
တစ်လတိတိပြည့်ခဲ့သည်။

အချိန်တွေပဲအကုန်မြန်တာလား၊ ငါကပဲ ဥပက္ခာပြုထားလို့
သတိမထားမိလိုက်တာလား။ ငါ မင်းနဲ့ ကုန်ဆုံးရတဲ့အချိန်တွေဆို တလောကလုံးကို မေ့ပစ်မိလိုက်တဲ့အထိပဲ....

                                     *****

မနေ့က နှစ်ယောက်သား ဆေးရုံမှ ပြန်လာခဲ့ကြသည်။ Bus စီးလာသည့် တစ်လမ်းလုံး Namjoon သည် Seok Jin ကိုလုံးဝစကားမပြောပေ။ နားကြပ်နှစ်ဖက်တပ်ရင်း သီချင်း နားထောင်နေသည်။

သူက တစ်မှတ်တိုင်ကြိုဆင်းရသည်မို့ Namjoon ကို
နှုတ်ဆက်ဖို့ ပခုံးကိုပုတ်လိုက်သော်လည်း ခေါင်းသာတစ်ချက်
ငြိမ့်ပြသည်။

ဘာတွေဖြစ်သွားတာလဲ...

သူ တကယ်ပဲ မသိပါ

Namjoon ကို သူ စိတ်ဆိုးစရာတွေလုပ်ခဲ့မိသည်လား

ကာယအချိန်က ကိစ္စ...

မဖြစ်နိုင်တာ အဲ့နေ့က စိတ်မဆိုးတဲ့အပြင် သူလည်းလိုက်ခဲ့မယ်ပြောခဲ့တာလေ။

ဒါဆို ဘာဖြစ်နေတာလဲ....
___________________________

ဒီနေ့ Taehyung က Jimin ရှိတဲ့ ဆေးရုံမှာသွားနေတာကြောင့် ကျောင်းမလာပေ။

သူ Namjoon ကိုချော့ဖို့အခွင့်ပိုရသွားသည် ဟု ဆိုရမလား။

Break Time အချိန်ရောက်တော့ Namjoon တစ်ယောက် စာအုပ်၊ဘောပင်တွေ အမြန်သိမ်းနေသည်။

သူ့ကို တစ်မနက်လုံး ယောင်လို့တောင် စကားလှည့်မပြောသော Namjoon ဟာ ခပ်တည်တည် မျက်နှာနှင့်။

Namjoon မင်းက ပြုံးလိုက်ရင်အရမ်းချစ်ဖို့ကောင်းတာကို...

သောက်အချေကောင် ကလေးလည်းမဟုတ်ဘူး။ ငါ့ကိုလာ စိတ်ကောက်နေတယ်။မင်း ဘာလို့စိတ်ကောက်လဲ ငါတကယ်ပဲ
မသိလို့ပါ။

Namjoon စကားမပြောရသည့် အကြောင်းအရင်းဟာ မနေ့က Taehyung နှင့် Seok Jin ကို သူ့ မျက်စိရှေ့ တွဲ မြင်လိုက်ရ
တာ ကြောင့် ရင်ထဲ၊အသည်းထဲထိ သဝန်တိုနေခဲ့သည်။

သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅Wo Geschichten leben. Entdecke jetzt