သူသာမြတ်နိုးရာ 💛
'' Seok Jin ရေ....''
'' အေး....''
'' Seok Jin ရေ....''
'' အေး...ပြော...''
'' ငါဗိုက်ဆာလို့ ခေါက်ဆွဲပြုတ်လေး ပြုတ်ပေးပါလား ''
ပထမနှစ်ဝက်စာမေးပွဲအပြီး Namjoon လည်းအိမ်မှာပျင်းပျင်းရှိနေသည်မို့ Seok Jin ကွန်ဒိုအိမ် လာပြီးသောင်တင်နေ၏။
'' ကိုယ့်ဘာသာ ထ ပြုတ်လေကွာ..ငါဒီမှာဂိမ်းဆော့နေတယ် ''
တီဗွီဂိမ်းဆီက အကြည့်မလွှဲဘဲပြောနေသည့် Seok Jin ဟာ စာမေးပွဲကြောင့်ချုပ်တီးထားသည့်စိတ်တွေပြေလျော့သွားပြီး အားရပါးရကိုဆော့နေသည်။
ဒါကြောင့်လည်း Seok Jin စိတ် မဆိုး,
ဆိုးအောင် သူ တမင်လုပ်ခိုင်းခြင်းဖြစ်သည်။အဲ့သည်လို စိတ်ဆိုးရင်ဆူထွက်လာမည့်နှုတ်ခမ်းလှလှလေးတွေကို သူက တဝကြီးနမ်းရှိုက်ပစ်မည်...။
'' အာ...မင်းကလည်းကွာ...''
'' အေး အေး...လုပ်ပေးမယ်။ဟုတ်ပြီလား..ဟွန့် ''
'' အိုက်ဂူး...ငါ့ကောင်လေးအတော်ဆုံး ''
လက်မလေးတထောင်ထောင်ဖြင့်၊ ပါးချိုင့်တွေနစ်ဝင်သည်အထိ
ပြုံးပြုံးလေး ပြောလာသည့် Joon ကိုကြည့်လိုက်တော့လည်း စိတ်ကောက်ချင်စိတ်တွေဟာ ကြက်ပျောက်၊ငှက်ပျောက် ပျောက်သွားလေသည်။ငါ့ကောင်လေးဟာလေ သိပ်ကိုချစ်ဖို့ကောင်းတာပဲ....။
မင်းရဲ့အပြုံးတွေကို ငါ့နှလုံးသားထဲမှာ ထာဝရသိမ်းဆည်းထားပါ့မယ်။
'' Namjoon ရေ...ခေါက်ဆွဲရပြီ...ပူတုန်းလာစား ''
''..........''
'' Namjoon...Namjon ရေ....''
ခပ်ကျယ်ကျယ် အော်ခေါ် လိုက်မှ အိမ်သာထဲက တံခါးခေါက်သံကိုကြားလိုက်ရတော့ Seok Jin ခပ်ဟဟရယ်မိသည်။
Namjoon ဖုန်းကို Sofa ပေါ် ထားခဲ့တာမို့ စုပ်စုချင်စိတ်နှင့်
ကိုင်ကြည့်မိတော့ Camera ထဲ ဝင်နေသည်။'' Seok Jin...ပြန်ပေး! ''
ရုတ်တရက်ဆိုသလို Namjoon သူ့ဖုန်းကို ဆွဲယူသွားသည်။
YOU ARE READING
သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅
FanfictionDandelion တွေကို လေမှုတ်ဆုတောင်း တိုင်းသာ ပြည့်မယ်ဆို မင်း က ငါ့ အပိုင် ဖြစ် လာ ဖို့ ပဲ ငါဆုတောင်းမိမှာ Playlist- Dandelion Start Date- July 8, 2021 End Date - June 4, 2022 Dandelion တွေကို လေမှုတ်ဆုတောင်း တိုင်းသာ ပြည့်မယ်ဆို မင်း က ငါ့ အပိုင် ဖြစ...