11 (Part-2)

306 55 8
                                    

သူသာမြတ်နိုးရာ 💛

Milly သည် ယဥ်ပြီး သိမ်သိမ်မွေ့မွေ့ အလှမျိုး ကို ပိုင်ဆိုင်ထားသည့် ချစ်စရာ ကောင်မလေး တစ်ယောက်ဖြစ်၏။ သူမ
ရီလိုက်ရင် သွားတက်လေးတွေ က အထင်းသားပေါ်လာသည်။

Namjoon နဲ့ Milly ဟာ အချိန်တော်တော်ကြာ အကြည့်ချင်း ဆုံ နေ ခဲ့ သည်။ ဒါကို ခပ်လှမ်းလှမ်းက ကြည့်နေတဲ့ Seok Jin  ရင်ထဲ မှာ ဝမ်းနည်းခြင်း ဆို တဲ့ အရာ လေး ဟာ မသိမသာ တွယ်ငြိခဲ့၏။

'' ကိုယ် တို့ သူငယ်ချင်းဖြစ်လို့ရလား Milly ''

'' ရှင် ? အာ...ဟုတ် ဟုတ် ရပါတယ် Namjoon ahh ''

'' နောက်နေ့ Canteen သွားရင် ကိုယ် တို့ တူတူ သွားကြမလား ''

Namjoon ပုံမှန်ထက် အသံ နဲနဲ ကျယ် ပြောလိုက်သည်။ ဒါက တစ်ယောက်ယောက် ကို ကြားစေချင် လို့ လည်း ဖြစ်နိုင်သည်။

'' အမ်...အေး...သွားကြတာပေါ့ဟာ ''

Milly စိတ် ထဲ အနည်းငယ်တော့ ထူးဆန်းနေမိသည်။ Kim Namjoon က သူငယ်ချင်းရယ် လို့များများစားစား မရှိ ။ သူ စကားပြောတာ Seok Jin တစ်ယောက်တည်း သာ ရှိသည်။

သူ့ ဘေး နား ကို Namjoon ပြန်လာထိုင်တော့ Seok Jin ပြတင်းပေါက် ဘက် သာ မျက်နှာမူထားလိုက်သည်။

အခုချိန်မှာ သူ့ စိတ် ကို သူ နားမလည်နိုင်တော့ပါ။

ကောင်မလေး တစ်ယောက် နဲ့ Namjoon ကို အခုလို တွဲ မြင်ရတာ သူ့ စိတ် ကို မွန်းကျပ်စေသည်။

အကြောင်းအရင်း ကို ရှာကြည့် မိတော့ '' အချစ်'' ဆိုတဲ့ အရာ ကြောင့် ဖြစ်နေသည်။

Joon ရေ....ငါ မင်းကို တစ်နေ့ထက်တစ်နေ့ ပို ချစ်မိနေပြီ။

အချစ်ဆိုတာ ငါ သိလိုက်တဲ့အချိန်မှာ ငါ မင်းကို တော်တော့်ကို ချစ်မိနေခဲ့ပြီ။ ဒါပေမယ့် အဲ့တာကို မင်း သိ ဖို့ တော့ မလိုဘူး။
_______________________________________________

တိတ်တခိုး ချစ်ခဲ့ရတဲ့ လူ တစ်ယောက်ရဲ့ အနီးဆုံးလူ ဖြစ်နေခဲ့ပေမယ့် အဲ့ လူ ရဲ့ ဂရုစိုက်မှု၊ ကြင်နာမှု တွေ က တခြားတစ်ယောက် ဆီ မှာ။အဲ့တာကို ပြုံးပြုံး လေး ထိုင်ကြည့်ရတာ သိပ်တော့ မလွယ်ကူ ဘူး။

သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅Donde viven las historias. Descúbrelo ahora