Unicode
သူသာမြတ်နိုးရာ 💛
'' Namjoon! Namjoon! ''
Seok Jin ဂေဟာတစ်ခုလုံး ရှာတာ နှံ့ နေ ပြီ။
Namjoon ကို သူ အခုထိ မတွေ့သေးပေ။
'' Namjoon ahh...တောင်းပန်ပါတယ်။ ငါ့ကိုရှောင်မနေပါနဲ့''
Seok Jin သတိတစ်ချက်ရသွားသည်။
ဂေဟာနား က စက်ရုံ အဟောင်း ကြီး သည် Namjoon
ဝမ်းနည်းစရာ ရှိတိုင်း သွားနေကျနေရာတစ်ခုဖြစ်၏။သူ အရဲစွန့်ကာ ထို စက်ရုံ ဟောင်းဆီသို့ ခြေလှမ်းတွေ ဦးတည်လိုက်လေသည်။
ထင်တဲ့ အတိုင်း Joon က စက်ရုံအပေါ်ဆုံးထပ်မှာ ထိုင်နေသည်။
.
.
.
သူ ဒီနေ့ တကယ် ဝမ်းနည်းမိသည်Seok Jinie မှာ သူငယ်ချင်းအသစ်တွေရသွားပြီ
Seok Jinie က သူ့ကို မေ့ သွားလောက်ပြီ ဟု ထင်နေ၏။
ကိုယ်အချစ်ရဆုံးသူငယ်ချင်း တစ်ယောက်ကို တစ်ခြားတစ်ယောက်က လု ယူ သွား မှာကို သူ ငယ်ငယ်တည်းက ကြောက်ခဲ့သည်။
ဒါကြောင့်လည်း Namjoon မှာ အရင်းနှီးဆုံး သူငယ်ချင်းမရှိခဲ့ပါ
Seok Jinie နဲ့ ကျ မှ သူ့ရဲ့ ပထမဆုံး ခင်မင်မှုအချစ်တွေကို ပေးခဲ့ခြင်းသာဖြစ်၏။
" Namjoon ahh ~ ''
နောက်က ခေါ်သံလေးသည် သူလှည့်ကြည့်စရာမလို
သေချာပေါက် သူ့ ရဲ့ အချစ်ရဆုံး Seok Jine ပင်
သူ Joon ကိုတွေ့တော့ သက်ပြင်းတစ်ချက်ချကာ Joon ဘေးနားတွင် ဝင်ထိုင်လိုက်သည်။
'' Joon...မင်း ငါ့ကို စိတ်ဆိုးသွားတယ်ဆိုတာငါသိပါတယ် ''
''............''
'' Joon....ငါပြောတာသေချာနားထောင် ''
Seok Jin Joon ရဲ့ မျက်လုံးတွေကို သေချာစိုက်ကြည့်ရင်းပြောသည်။
'' ငါ့မှာ အချစ်ရဆုံးသူငယ်ချင်းက မင်းပဲရှိတယ် Joon ''
'' အပြောမစောပါနဲ့ Seok Jin..အခုပဲ မင်းက သူငယ်ချင်းအသစ်တွေ ရ လို့ ငါ့ကိုတောင် မေ့ သွားရတဲ့ ထိ လေ ''
'' ဘာ ကို ငါ က မေ့ ရ တာ လဲ...ဒါက သူတို့ စကားလာပြောလို့ ငါက ပြန်ပြောရုံပဲလေ။ ''
![](https://img.wattpad.com/cover/268700479-288-k551996.jpg)
ESTÁS LEYENDO
သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅
FanficDandelion တွေကို လေမှုတ်ဆုတောင်း တိုင်းသာ ပြည့်မယ်ဆို မင်း က ငါ့ အပိုင် ဖြစ် လာ ဖို့ ပဲ ငါဆုတောင်းမိမှာ Playlist- Dandelion Start Date- July 8, 2021 End Date - June 4, 2022 Dandelion တွေကို လေမှုတ်ဆုတောင်း တိုင်းသာ ပြည့်မယ်ဆို မင်း က ငါ့ အပိုင် ဖြစ...