သူသာမြတ်နိုးရာ 💛
အတိတ်က အတ္တတွေ၊စိတ်ကစားခြင်းတွေကို လွှတ်ချခဲ့တယ်။
ဒါပေမယ့် စိတ်ဝိဉာည်နှလုံးသားက
တစ်စုံတစ်ခုကိုလိုအပ်နေတယ်။အဲ့တာကို အဖြေရှာဖို့ ကြိုးစားသင့်လား....
Jimin သည် Taehyung ကို အိမ်အထိကျောပိုးလာခဲ့သည်။
Taehyung ဟာ လမ်းတစ်ဝက်မှာတည်းက
မေ့မျောလုနီးပါးဖြစ်နေခဲ့၏။ငယ်ငယ်ကတည်းက ကျောပိုးနေကျမို့ အနည်းငယ် လေးလာသည် က လွဲ ၍ အကုန်အဆင်ပြေပါသည်။
Taehyung အခန်းထဲထိ လိုက်ပို့ပေးပြီး မိုးရေစိုနေသည့် အဝတ်အစား များ ကို ချွတ်လိုက်ကာ သက်တောင့်သက်သာ ဖြစ်စေမည့် အဝတ် များ နှင့် လဲပေးလိုက်သည်။
နွေးနွေးထွေးထွေးဖြစ်စေရန် အခန်းအပူချိန်ကို မြှင့်လိုက်ပြီး ရင်ဘတ်နားအထိ စောင်ခြုံပေးလိုက်သည်။ သူကိုယ်တိုင်လည်း Taehyung ဗီရိုထဲက ခရမ်းရောင် Hoodie နှင့် ချည်ဘောင်းဘီ နက်ပြာကို ယူဝတ်လိုက်ရသည်။
မဖျားစေရန် ဆေးပါ ကြိုသောက်ထားလိုက်သည်။
Taehyung ကိုတော့သူနိုးလာမှပဲတိုက်ရတော့မည်။
ရေစိုနေတဲ့ Tae ဆံပင်တွေကို ဖြည်းဖြည်းချင်း
ခြောက်အောင်သုတ်ပေးရင်း....Tae မျက်နှာလေးကို အမှတ်တမဲ့ ကြည့်လိုက်မိသည်။
မျက်တောင်ရှည်ရှည်လေးတွေက ရေစိုနေပေမယ့် လှနေသေးသည်။ နှာတံရှည်ရှည်လေး နှင့် စေ့ရုံမျှသာစေ့ထားသည့် နှုတ်ခမ်းပါးလေးတွေ....
'' အစိတ်အပိုင်း လေး တွေ က အစ မြတ်နိုးစရာပါလား....''
Jimin ခပ်တိုးတိုးလေးဆိုလိုက်မိတယ်။
'' Mi...Minie...''
Taehyung သည် မျက်လုံးတွေပိတ်ထားရင်း သူ့နာမည်ကိုတိုးတိုးလေးခေါ်လာသည်။
'' Tae...မင်းအဆင်ပြေရဲ့လားဟင် ''
'' ချမ်း...ချမ်းတယ် ~~''
အသံတွေပါတုန်ရီနေသည့် Taehyung
ကြောင့် Jimin အတော်လေး စိတ်ပူသွားသည်။
ŞİMDİ OKUDUĞUN
သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅
Hayran KurguDandelion တွေကို လေမှုတ်ဆုတောင်း တိုင်းသာ ပြည့်မယ်ဆို မင်း က ငါ့ အပိုင် ဖြစ် လာ ဖို့ ပဲ ငါဆုတောင်းမိမှာ Playlist- Dandelion Start Date- July 8, 2021 End Date - June 4, 2022 Dandelion တွေကို လေမှုတ်ဆုတောင်း တိုင်းသာ ပြည့်မယ်ဆို မင်း က ငါ့ အပိုင် ဖြစ...