22

213 46 6
                                    

သူသာမြတ်နိုးရာ 💛

အေးချမ်းတဲ့ရပ်ဝန်းလေး ထဲမှာ
ချစ်မြတ်နိုးရသူနဲ့ တစ်သက်လုံး အတူနေထိုင်သွားချင်တယ်။

အချစ်ဟာ သူတို့နှစ်ယောက်အတွက်တော့ အေးချမ်းသိမ်မွေ့တဲ့ Dandelion ပန်းလေးတွေလိုပါပဲ။

အရမ်းလည်းမြတ်နိုးဖို့ကောင်းတယ်။

အချိန်တစ်ရက်ခန့် ကုန်ဆုံးသွားပြီးသည့်နောက် ကျောင်းပေါင်းစုံ Basketball ပြိုင်ပွဲကြီး၏ ပထမနေ့သို့ရောက်ရှိလာသည်။

မြတ်နိုးရသူနှင့်သာဆို အရာအားလုံးကို ဖြတ်ကျော်ဖို့ အမြဲတမ်း
အဆင့်သင့်ဖြစ်နေပြီးသားပါပဲ....။

နားနေခန်း က Sofa ၌ နှစ်ယောက်သား
အတူတူကပ်ထိုင်လိုက်ကြသည်။

ဘာကြောင့်မှန်းမသိပေမယ့် စိတ်လှုပ်ရှားတာကိုသက်သာစေပြီး သက်တောင့်သက်တာ လည်း ဖြစ်သည်ဟု ခံစားကြရသည်။

'' Joon စိတ်လှုပ်ရှားနေလား ''

သူ့လက်တွေကို ဆုပ်ကိုင်လာသည့် Seok Jin အပြုံးလေးဟာ နူးညံ့ ပြီး မြတ်နိုးဖွယ်ကောင်းသည်။

Seok Jin လက်ချောင်းလေးတွေနှင့် သူ့ လက်ချောင်းတွေကို ချင်းချင်းယှက်နွယ်လိုက်ကာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။

'' မင်းရှိနေလို့ ငါဘာမှကိုမဖြစ်တော့ပါဘူး။ မင်းရော...''

'' ငါလည်းမင်းနဲ့အတူတူပဲ ''

တစ်ယောက်နှင့်တစ်ယောက် ကြည့်တဲ့ ထိုမျက်ဝန်းတွေမှာ
ချစ်ခင်မြတ်နိုးခြင်း များစွာပါဝင်သည်။

နူးညံ့ပြီး အဖြူရောင်သက်သက်လေး ပင်....။

Dwight High School  နှင့် Yongson International High School တို့တွေ့ဆုံကြတော့မည်။

Seoul ရဲ့ နာမည်ကြီးကျောင်းနှစ်ကျောင်းဖြစ်တာမို့
တခြားကျောင်းက ကျောင်းသားတွေတောင် လာရောက်ကြည့်ရှုကြလေသည်။

Leader Kim Namjoon က ဦးဆောင်မှုနှင့် Dwight High School အဖွဲ့ ဟာ ရေကုန်ရေခန်းကြိုးစားကြသည်။

ပထမမိနစ် သုံးဆယ်အတွင်း ငါးမိနစ်မှာပင် Namjoon ရဲ့ ပံ့ပိုးမှုဖြင့် Seok Jin ပစ်သွင်းလိုက်သည့် တစ်ဂိုးစတင်ရရှိသွားသည်။

သူသာမြတ်နိုးရာ/သူသာျမတ္နိုးရာ||Namjin[Completed] ✅Where stories live. Discover now