~အခန်း ၆~ လက်သည်းလေး (ရှောင်းကျောက်)

1K 223 8
                                    

{ Unicode }

လက်သည်းလေး ... လက်သည်းလေး.... တကယ်ပဲ မင်းလား ?

~~~~~

ပုံမှန်ကျင့်ကြံရေးလမ်းစဉ်များအရဆိုလျှင်တော့ စတင်ကျင့်ကြံမည့်သူများအတွက် ချီစွမ်းအင်ကို ခန္ဓာကိုယ်ထဲသို့ ဆွဲယူသည့်ကျင့်စဉ်ကို ပထမဆုံးကျင့်ရမည် ဖြစ်သည်။ ထို့နောက်တွင်တော့ ထိုသဘာဝသိဒ္ဓိစွမ်းအင်ကို ခန္ဧာကိုယ်ထဲရှိ ချီစွမ်းအင်စီးကြောင်းများ ဖြတ်သန်းစေပြီး ကိုယ်ပိုင်သိဒ္ဓိစွမ်းအင်များအဖြစ် ပြောင်းလဲရမည်ပင်။ ထိုသို့ ချီစွမ်းအင်ဆွဲသွင်းရာတွင်လည်း သိဒ္ဓိဒြပ်စင်အမျိုးအစားကိုလိုက်၍ ကွဲပြားလေသည်။ ဥပမာအားဖြင့်ဆိုရလျှင် မော့ထျန်းလျောင်အတွက်မူ သစ်သားနှင့်မီးဆိုင်ရာ သိဒ္ဓိစွမ်းအင်များကို ဆွဲယူရမည်ဖြစ်ပြီး ထိုမှသာလျှင် ကျင့်ကြံခြင်း၏ ပထမဆုံးအဆင့်က အောင်မြင်မည်ဖြစ်လေသည်။

မည်သို့ပင်ဆိုစေကာမူ အနှီ "သစ်သားမီးခ" ကျင့်စဉ်တွင် သိဒ္ဓိစွမ်းအင်အား မည်သို့မည်ပုံ ဆွဲယူရမည်ကို မဖော်ပြထားပါပေ။ သိမြင်နှံ့စပ်သည့် မှော်နက်အရှင်ပင် ယင်းကျင့်စဉ်ကိုဖတ်ပြီးနောက် ခေါင်းကုတ်မိလိုက်လေသည်

တစ်စုံတစ်ယောက် တံခါးကိုလာမခေါက်ခင်အထိ မော့ထျန်းလျောင်ဟာ စိတ်ရှုပ်နေခဲ့၏။

"ရှစ်ရှိုး...အပြင်ကတပည့်က စားစရာလာပို့တာပါ"

သွယ်လျသည့် တပည့်မိန်းကလေးက စားစရာထည့်ထားသည့် သစ်သားချိုင့်ကိုကိုင်ရင်း လမ်းလျှောက်လာခဲ့သည်။ မော့ထျန်းလျောင်ဘာမှမပြောလိုက်ခင်မှာပင် ၎င်းကိုစားပွဲပေါ်တင်ပြီးဖြစ်သည်။

ကျင့်ကြံခြင်းအဆင့် ငါးဆင့်ရှိလေသည်။ သိဒ္ဓိစွမ်းအားဆွဲယူခြင်း၊ အခြေခံတည်ဆောက်ခြင်း၊ မဏ္ဍိုင်ကျင့်စဉ်၊ ဝိဉာဉ်စွမ်းအင်နဲ့ အမတနွယ်ဝင်အဖြစ် ကူးပြောင်းသွားခြင်းတို့ ဖြစ်ကြလေ၏။ မဏ္ဍိုင်ကျင့်စဉ်နှင့်အထက် ပြီးမြောက်သွားသူများက ဇီဝဆေးပြားများစားရုံဖြင့် ရှင်သန်နေထိုင်နိုင်ပြီး ဝိဉာဉ်စွမ်းအင်နှင့်အထက် ကျင့်ကြံ၍ အာဟာရသိဒ္ဓိပြီးမြောက်သူများကတော့ ဘာမှမစားမသောက်ပဲနေ၍ ရနိုင်လေသည်။ ထို့ကြောင့်ပင် ဤတွင်ရှိနေသည့် တပည့်ဂိုဏ်းသားအများစုက အစာစားရန် လိုအပ်သေးသည်ပင်။ ဤချက်ရေးပြုတ်ရေးကိစ္စများကို များသောအားဖြင့် အပြင်တပည့်များက လုပ်ရလေသည်။ အပြင်တပည့်များသည်ကား ဂူနန်းမြိုင်များအတွင်းသို့ ဝင်ခွင့်မရှိသည်ဖြစ်ရကား အတွင်းတပည့်များက အစားအသောက်များကို ယူပေးရလေသည်။

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now