~အခန်း ၅~ ရှစ်စွင်း

1.2K 228 5
                                    

{ Unicode }

ဒီကျင့်စဉ်နဲ့ပတ်သက်ပြီး တစ်ခုခုမမှားနေဘူးလား?

~~~~~

အနှီအေးစက်ကာ ကြည်လင်နေသည့်မျက်လုံးများက မော့ထျန်းလျောင်၏ မျက်လုံးများနှင့်ဆုံရန် ရွေ့လာခဲ့သည်။

"ချင်းထုံ...မင်း ဘယ်အချိန်ထွက်လာတာလဲ?"

ဂိုဏ်းချုပ်က ပြုံးလျက် ချင်းထုံကျန်းရန်အား ကြည့်လိုက်သည်။ သူ၏အသံက အတော်လေးကိုညင်သာနေခဲ့သလို။ အကယ်၍များ ဂိုဏ်းချုပ်ထျန်းလန်၏ အမူအရာက သာမန်သာဖြစ်မနေခဲ့လျှင် သူ့အနေဖြင့် ချင်းထုံကျန်းရန်ကို မျက်နှာသာပေးချင်၍ လုပ်ပြောနေသည်ဟုသာ ထင်ကြမည်မှာမလွဲ။

ချင်းထုံကျန်းရန်က မော့ထျန်းလျောင်ကို ကြည့်နေရာမှ လွှဲလိုက်ပြီး ဂိုဏ်းချုပ်နှင့် ရွှမ်ကျီးကျန်းရန်ကို ကြည့်လာခဲ့သည်။

ရွှမ်ကျီးကျန်းရန်က မသိမသာပင် ဇက်ကလေးပုလိုက်ပြီး ဆိုလာသည်

"အမ်...ငါ...ငါ နတ်ဝိဉာဉ်ဒြပ်စင်နဲ့ သူကို ရွေးလိုက်တယ်၊ မင်း..လိုချင်လို့လား?"

ရွှမ်ကျီးကျန်းရန်၏ ထိုင်ခုံအောက်တွင် ဒူးထောက်နေသည့် အရည်အချင်းပြည့်မှီသော လူငယ်လေးကိုကြည့်လိုက်သည်။ ထို့နောက် ချင်းထုံကျန်းရန်က မျက်နှာလွှဲလိုက်ပြီး မော့ထျန်းလျောင်ကိုကြည့်လာသည်။

"သူက ဒီမှာရှိတဲ့သူတွေထဲမယ် အချောဆုံးပဲ"

‌ဂိုဏ်းချုပ်က မော့ထျန်းလျောင်ကို ညွှန်ပြရင်း ပြုံးပြလာခဲ့သည်။

"ငါသူ့ကို ရန်လျဲ့ရဲ့လက်အောက်မှာပဲ နေခိုင်းမလို့ စိတ်ကူးထားတာ"

"ဒီတစ်ယောက်တော့ ငါ့ကိုပေးလိုက်"

အနှီ အေးစက်၍ သာယာလှသောအသံက အသစ်စက်စက်မွေးဖွားလာသည့် ဇာမဏီငှက်ငယ်လေး၏ ကျီကျီကျာကျာအော်သံလေးအလား။

ချင်းထုံကျန်းရန်က ထိုသို့ပြောလိုက်လေလျှင် ဂိုဏ်းချုပ်က တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းငြိမ့်ပြလိုက်သည်။

စကားပြောဆိုမှုအပြီးတွင်တော့ တောက်ပသည့် ကျောက်စိမ်းဖြူ နာမည်ပြားတစ်ခုက မော့ထျန်းလျောင်
၏ရှေ့သို့ လူးလူးလွန့်လွန့်ဖြင့် ရောက်လာလေသည်။

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now