~အခန်း ၇~ ချီစွမ်းအင် စုပ်ယူခြင်း

1K 231 5
                                    

{ Unicode }

မျိုး ... မျိုးမစစ်ကောင် ... မင်း
ရှစ်စွင်းကိုတောင် မတော်တရော် လုပ်ရဲတယ်ပေါ့!

~~~~~

ကြောင်ကိုယ်တော်လေးက သူ့လက်ကိုမြှောက်လိုက်ပြီး သူ့ဗိုက်ပေါ်တွင် ပွတ်သပ်နေသည့် မျက်နှာကို လှမ်းကုတ်လိုက်လေသည်။

"အ အ နာတယ် နာတယ်!"

မော့ထျန်းလျောင်က နာသွား၍ အော်လိုက်သော်လည်း ကြောင်လေး၏ အမွေးနုနု ဗိုက်ကလေးပေါ်တွင် သူ၏မျက်နှာကို ပွတ်နေဆဲဖြစ်၏။ ထို့ကြောင့် ကြောင်ကလေးက သူ၏ ခြေထောက်နှစ်ဖက်ကို မလိုက်၍ ထိုသူ၏ခေါင်းကို ကန်လိုက်လေသည်။

တစ်ခဏအကြာတွင်တော့
မော့ထျန်းလျောင်သည် ဆံပင်များရှုပ်ပွနေကာ မျက်နှာတွင်လည်း ကြောင်ကုတ်ရာများဖြင့် မီးဖိုဘေးတွင် ဆောင့်ကြောင့်ထိုင်နေလေသည်။ ကြောင်ကိုယ်တော်လေးမှာတော့ သူ၏နံဘေးရှိ ကျောက်တုံးဝိုင်းပေါ်တွက် ထိုင်နေပြီး ဣန္ဒြေရှိရှိဖြင့် သူ့လက်များကိုလျက်နေလေ၏။

သမင်သားပေါ်တွင် သုတ်ထားသည့်အဆီများက အောက်ရှိမီးဖိုထဲသို့ တတောက်တောက်ကျနေပြီး မီးတောက်ကို ပိုပြင်းစေ၏။ ပိုပြင်းလာသည့် အစိမ်းရောင်မီးတောက်သည်လည်း သမင်အရေခွံကို ပိုပြီးကြွပ်စေတော့၏။ မီးပုံမှထွက်လာသည့် သစ်သီးနံ့နှင့် သမင်သားမှလှိုင်ထွက်လာသည့် အကင်နံ့တို့က သူတို့အား ပိုမိုဆာလောင်လာစေ၏။

"မြောင်"

အနှီကြောင်ပေါက်ကလေးက သူ့လက်များကို သန့်ရှင်းပြီးနောက်တွင်တော့
မော့ထျန်းလျောင်ကို ခေါ်လိုက်လေသည်။ ကြောင်ကလေးက မီးဖိုမှဆွဲ‌ဆောင်နေသည့်အနံ့ကို သူ၏ချစ်စရာ နှာခေါင်း‌လေးဖြင့် တစ်ရှုံ့ရှုံ့ အနံ့ခံနေတော့၏။

အနှီကြောင်ပေါက်ကလေးက မှော်နက်အရှင်၏အသည်းနှလုံးကို အရည်ပျော်စေတော့၏။ ထို့ကြောင့် သူလည်းမနေနိုင်‌တော့ဘဲ ကြောင်လေးအနားသို့ ကပ်သွားလေသည်။

"လက်သည်းလေး...သမင်သား နည်းနည်းလောက် စားချင်လား? အဲ့တာဆိုလာ...ငါ့ကို အာဘွားပေး။ မင်းအတွက် အသားနည်းနည်းလောက် လှီးပေးမယ်"

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now