~ အခန်း ၁၆ ~ ဆောင်းကျောက်စိမ်း

796 164 8
                                    

{ Unicode }

လခွမ်း ... ဒါဘယ်သူ့အတွက်လဲ?

~~~~

" မြောင် "

မော့ရှောင်းကျောက်သည် ချက်ချင်းပင်ဒေါသထွက်သွားကာ ခေါင်းကိုလှည့်လိုက်ပြီး မော့ထျန်းလျောင်၏ လက်ကိုပုတ်လိုက်သည်။

ဒီကောင် ကိုယ့်ရှစ်စွင်းရဲ့အမွှေးကို ပွတ်လိုက်ဖို့တောင် အတော်လေး သတ္တိကောင်းနေတယ်ပေါ့လေ! ဘယ်လောက်တောင် မိုက်လိုက်တဲ့တပည့်လဲ!

" အ... "

မော့ထျန်းလျောင်သည် သက်ပြင်းတစ်ချက်ရှုထုတ်လိုက်ပြီး ခြုံထည်ထဲမှ သူ့လက်ကိုထုတ်လိုက်လေ၏။ သွေးများပင်စို့လျက်သား။

ကြောင်ကိုယ်တော်လေးအား နောက်ထပ် သွားမရှုပ်ရဲတော့ပေ။
မော့ထျန်းလျောင်သည် လက်နှစ်ဖက်လုံးကို ခြုံထည်ထဲမှထုတ်လိုက်ပြီး ကြောင်လေးကို ခြုံထည်ထဲတွင်သာ လှုပ်စိလှုပ်စိနှင့် နေခိုင်းလိုက်တော့သည်။ အနှီခြုံထည်မှာ အလယ်လတ်တန်းစား လင်ရှီးသုံးတုံးစာကျသင့်ပြီး ကျင့်ကြံသူတစ်ဦး၏ ကိုယ်ရောင်ကိုယ်ဝါတို့ကိုပင် ဖုံးကွယ်ထားပေးနိုင်လေသည်။ သို့သော်လည်း တစ်စုံတစ်ယောက်က သိဒ္ဓိစွမ်းအင်ကိုအသုံးပြု၍ စစ်ဆေးကြည့်ရှုမလာခင်အထိသာ အနှီဝတ်ရုံက ဖုံးကွယ်ပေးထားနိုင်သည်ပင်။

သူ့အနေဖြင့် ပထမဦးဆုံး ရူယီးမြို့မှ ဈေးလမ်းဆုံးသို့ သွားရောက်၍
လှည့်ပတ်ကြည့်ရှုရပေမည်။ ဟိုဆိုင်ရှင်၏အဆိုအရတော့ ထိုနေရာတွင် လေလံအိမ်တစ်ခု ရှိသည်ပင်။

ကျင့်ကြံရေးမြို့တစ်မြို့တွင် သာမန်ဆိုင်ခန်းငယ်များအပြင် လေလံအိမ်များလည်း အမြဲလိုလိုရှိတတ်လေသည်။ အချို့သော ရှားပါးပစ္စည်းများ၊ ပြန်လည်ကုသရေးဆေးတောင့်များနှင့် အဖိုးတန် သိဒ္ဓိစွမ်းအင်သုံးလက်နက်များတွင် ဈေးအတည်အကျမရှိ။ ထို့ကြောင့် လေလံအိမ်များတွင်သာ ရောင်းချတတ်ကြပေသည်။ ကြေးအများဆုံးပေးနိုင်သူသာ အနိုင်ရရှိစမြဲ။

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now